G-Fatt ကေ တာ့ သူ့ရဲ့ လူမှုကွန်ရက်စာ My Day မှာ ထီထိုးထားပြီး ထီပေါက်ခဲ့ရင် Soloအခွေထုတ်ပြီး မိန်းမယူမယ်ဆိုတဲ့ အကြောင်းကို ထီလက်မှတ်တွေနဲ့တကွ တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ “ Solo တောင်ထုတ်ပေူလိုက်ဦးမယ် ဒီလကုန်ထီပေါက်ရင် ” “ ထီပေါက်ရင်မိန်းမယူမယ် ” ဆိုတဲ့ စာသားလေးနဲ့ တင်ထားခဲ့တာပါ။

G-Fatt ကတော့ သူ့ရဲ့အချစ်ရေးကတော့ နိုင်ငံကျော်မင်းသမီးလေး တစ်ဦးဖြစ်တဲ့ ရှမ်းတရုတ်ကပြားမလေးနန်းဆုရတီစိုးနဲ့ ချစ်ကြိုက်ခဲ့ပြီးနှစ် ဦးသဘောတူလမ်းခွဲ ပြတ်စဲကာ Singleအဖြစ်နဲ့ အနုပညာအလုပ်တွေကိုအားစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။လမ်းခွဲ ပြတ်စဲပြီးထဲက ကောလဟာလတွေများစွာထွက်ပေါ်နေတဲ့ G-Fatt ကတော့ အနုပညာအလုပ်တွေအပေါ်မှာပဲ မအားလပ်နိုင်အောင် အချိန်တွေပေးထားတာတွေ့ရပါတယ်။

G-Fatt တစ်ယောက် ရည်းစားထပ်မရှာဘဲ တစ်ယောက်ထဲနေစေချင်ကြောင်းကို သူ့ရဲ့ ပရိသတ်တွေကလည်း မှတ်ချက်တွေပေးနေကြတာပါနော်။

Source : G-Fatt

Credit
Candy –CeleConnections