ပ ရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ပိုပိုကတော့ လာမယ့် ဖေဖော်ဝါရီလ (၂၉)ရက်နေ့ မန္တလေးမြို့မှာ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲလေးကျင်းပဖို့ရှိတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ပိုပိုရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးမှာတော့ အနုပညာရှင်မောင်နှမတွေများစွာကလည်း ပါဝင်ဖျော်ဖြေပေးကြမှာဖြစ်ပါတယ်။

ပိုပိုကတော့ လတ်တလောမှာ သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးမှာ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ မြင့်မြတ်ကိုလည်း လာရောက်ဖျော်ဖြေပေးစေချင်တဲ့ အကြောင်းဒီနေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေဖျော်ပြလာပါတယ်။ “ချစ်ဖူးခဲ့သမျှ”သီချင်းလေးနဲ့ ပိုပိုကပွဲတစ်ခုမှာ ဖျော်ဖြေနေစဉ် စင်အောက်ကနေ မြင့်မြတ်တစ်ယောက် လိုက်ဆိုနေတဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ပိုပိုက “ပွဲမှာ Surprise လာတိုက်ရင်သိပ်ကောင်းမှာပဲ”ဆိုပြီး မြင့်မြတ်ကို တစ်ကိုယ်တော်ပွဲလေးမှာ လာရောက် Surprise တိုက်စေချင်တယ်လို့ တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။

ပိုပိုရဲ့“ချစ်ဖူးခဲ့သမျှ”သီချင်းလေးကလည်း မြင့်မြတ်နဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက ပိုပိုရယ်လို လက်ခံခဲ့ပြီး ပထမဆုံးအအောင်မြင်ဆုံး သီချင်းလေးဖြစ်ခဲ့တာကြောင့် ပိုပိုအတွက် အမှတ်တရများစွာရှိတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ပိုပိုရဲ့ ပွဲမှာ မြင့်မြတ်ကို Surprise လာတိုက်စေချင်တဲ့ ပိုပို့ရဲ့ ဆန္ဒလေးပြည့်ဝအောင် ဝိုင်းဆုတောင်းပေးလိုက်ပါဦး။

Chilli – CeleGabar
Source – ဝတ်ရည်မိုး