ကို ရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိနေတဲ့ မြန်မာနိုင်ငံသား ကျောင်းသား၊ ကျောင်းသူ (၂) ဦးကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာအိန္ဒိယလေတပ် လေယာဉ် Globemasterနဲ့ အိန္ဒိယနိုင်ငံကို ဘေးကင်းလုံခြုံမှုရှိစွာ ခေါ်ဆောင်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ထား ပါတယ်။

ကျောင်းသား ၂ဦးအတွက် လိုအပ်တဲ့အကူအညီအားလုံးကို အိန္ဒိယအစိုးရတာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီကနေ့မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ဇနီးဟာလည်း အိန္ဒိယနိုင်ငံကို တရားဝင် ချစ်ကြည် ရေးခရီးစဉ်အဖြစ်သွားရောက်လည်ပတ်နေချိန်လည်းဖြစ်ပါတယ်။

ဘီဘီစီ