ပ ရိသတ်တွေစောင့်မျှော်အားပေးခဲ့ရတဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးကတော့ အခုဆိုရင် ကျင်းပလာခဲ့တာ (၄)ကြိမ်မြောက်အထိရှိလာခဲ့ပြီဖြစ်ပြီး ပရိသတ်အားပေးချစ်ခင်ရတဲ့အဆိုတော်ပေါင်းများစွာ မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။မြန်မာအိုင်ဒေါဂီတမောင်နှမတွေကတော့ အနယ်နယ်အရပ်ရပ်မှာ သွားရောက်သီဆိုဖျော်ဖြေမှုတွေ ဆက်တိုက်ပြုလုပ်နေရတဲ့အထိ အောင်မြင်မှုရရှိနေတာဖြစ်ပြီး မနေ့ကဖားကန့်မြို့မှာပြုလုပ်ခဲ့တဲ့ပွဲလေးမှာလည်း မိုင်းမိုင်ဆိုင်း၊အက်စတာနဲ့ နော်စေးစေးထူးတို့ကတော့ ဖိတ်ကြားခြင်းခံထားရတာလည်းဖြစ်ပါတယ်။

အဲ့ဒီပွဲလေးကတော့ (၂၀၂၀)ခုနှစ်အတွက် မယ်ကမ္ဘာမြေဖားကန့်ရွေးချယ်ပွဲအခမ်းအနားလေးဖြစ်ပြီး ဖေဖော်ဝါရီ (၂၆၊၂၇) နှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ်နေတာလည်းဖြစ်ပါတယ်။မနေ့ညကတော့ အက်စတာနဲ့မိုင်းမိုင်ဆိုင်းတို့က ဖျော်ဖြေပေးခဲ့ကြပြီး မိုင်းမိုင်ဆိုင်းကတော့ အမှတ်မထင်မြင်တွေ့ခဲ့ရတဲ့အက်စတာရဲ့စိတ်ဓာတ်လေးကို ချီးကျူးစကားဆိုခဲ့ပါတယ်။ “ညက မိုးက သည်းကြီးမည်းကြီး ရွာတော့ ပွဲက အဖြစ်ဆိုရုံလောက်သာဖြစ်ခဲ့ပေမယ့် အခက်ခဲပေါင်းစုံ အရာရာအကြောင်းကြောင်း ကမောက်ကမ ဖြစ်ခဲ့ပေမယ့် မညည်းမညူ နဲ့ အပြုံးလေးနဲ့ လိုက်လျော၊ လိုက်လုပ်ပေးနေတဲ့ ညီမလေး တကယ်ချစ်ဖို့ကောင်းလွန်းပါတယ်… နှလုံးသားအရမ်းလှတဲ့ချစ်ညီမလေး ပို၍ပို၍အောင်မြင်ပါစေနော်…love you” ဆိုပြီး အက်စတာရဲ့ချစ်စဖွယ်စိတ်ဓာတ်လေးကို ချီးကျူးစကားဆိုခဲ့တာဖြစ်ပါတယ်။

မိုင်းမိုင်ဆိုင်းကတော့ မြန်မာအိုင်ဒေါ Season-2 ရဲ့ Top-4 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး သီချင်းတွေကိုအသံပါဝါအားကောင်းကောင်းနဲ့သီဆိုနိုင်သူတစ်ယောက်ပါ။ကချင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ မိုင်းမိုင်ဆိုင်းကတော့ အခက်အခဲပေါင်းစုံဖြစ်လာချိန်မှာ မိမိတို့ဒေသပွဲလေးဖြစ်တာမို့ အက်စတာကိုအားတုံ့အားနာဖြစ်ခဲ့ရပေမယ့် လိုက်လျောညီထွေနေတတ်လွန်းတဲ့အက်စတာရဲ့ချစ်စဖွယ်စိတ်ဓာတ်လေးကိုတော့ ရင်ထဲကလှိုက်လှိုက်လှဲလှဲနဲ့ ချီးကျူးစကားဆိုခဲ့တာဖြစ်ပါတယ်။

ပွဲတွေဆက်ပြီး ပင်ပန်းနေပေမယ့်လည်း ချစ်ရတဲ့ပရိသတ်တွေအတွက် မညည်းမညူအပြုံးလေးနဲ့ ဖျော်ဖြေတတ်တဲ့အက်စတာရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Credit