အိမ်ေ ထာင်တစ်ခုသာယာစေဖို့…..

ဘုရ င်မစိတ် မမွေးရဘူး မိဖုရားနေရာကိုကျေနပ်စွာလက်ခံနိုင်ရပါမယ်…

ဦးဆောင်လိုခြင်းထက် ပါရမီဖြည့်နိုင်ဖို့ ကြိုးစားရပါမယ်…

အနိုင်ယူလိုခြင်းမဟုတ်ဘဲ မျှတခြင်းကို မြတ်နိုးတတ်ရပါမယ်

ဝေဖန်ပြစ်တင်ခြင်းမရှိဘဲ ထောက်ပြအကြံပြုခြင်းသာဖြစ်ရပါမယ်…

အလိုလိုက်ခြင်း မဟုတ်ဘဲ ဂရုစိုက်ခြင်းသာဖြစ်ရပါမယ်..

ခွင့်လွှတ်လို့ရတဲ့အထိ ..ခွင့်လွှတ်ပေးနိုင်ရပါမယ်…

ယုယကြင်နာခြင်းမှာ မေတ္တာတရားပေါင်းစပ်ပေးနိုင်ရပါမယ်…

သံသယကို အမှန်ဆိုတာသေချာမှ ဆုံးဖြတ်ရပါမယ်…

သဝန်တိုစိတ်ကို သူ့သိက္ခာကို စော်ကားသလိုမဖြစ်အောင် သတိထားရပါမယ်…

ချွဲ့နွဲ့ခြင်းကို ဆိုးကောက်ရစ်ပတ်ခြင်းမဖြစ်အောင်ဆင်ခြင်ရပါမယ်…

ဦးစားပေးခံလိုခြင်းထက် မျှတမှုကို ပိုပြီးနှစ်သက်ကျေနပ်နေရပါမယ်…

မိမိကချစ်သလို သူ့အချစ်ကိုလည်း မိမိအချစ်နှင့်ထပ်တူကျတယ်ဟု သတ်မှတ်နိုင်ရပါမယ်…

နားလည်မှုကို မဖြစ်မနေ တည်ဆောက်ရပါမယ်…

လူချမ်းသာစေခြင်းထက်စိတ်ချမ်းသာမှုပေးခြင်းကိုတန်ဖိုးထားနိုင်ရပါမယ်…

အားပေးနှစ်သိမ့်ခြင်းကို တတ်နိုင်သလောက်ကို ရှိနေပေးရပါမယ်…

အားနည်းချက်ကိုဖျောက် အားတက်စရာစကားကို အချိန်တိုင်းပြောပေးနိုင်ရပါမယ်

ပျော်ရွှင်ဝမ်းနည်းမှုကို မျှဝေခံစားပေးနိုင်ရမယ် မာနကို မလိုအပ်ပါဘဲ မပြမိပါစေနှင့်…

ယောက်ျားတွေလည်း ဝမ်းနည်းတတ်တယ်အားငယ်တတ်ပါတယ် ကြေကွဲတတ်တယ်ဆိုတာ သိထားရပါမယ်…

ယောက်ျားတွေလည်း မိန်းမရင်ခွင်ကိုနန်းတော်ကြီးတခုလို ခိုဝင်သတ်မှတ်တတ်တာ သိနေရမယ်…

ကျရှုံးနေချိန်မှာ ယုံကြည်မှုကို အပြည့်အဝထားနိုင်ရမယ်

မိမိမှာရှိသော အရည်ချင်းကို ပြိုင်ဆိုင်ခြင်းမဖြစ်စေဘဲကူညီဖေးမမှုဖြစ်ပေးနိုင်ရပါမယ်…

မိမိလိုချင်သော မေတ္တာ သစ္စာ ဂရုဏာတို့ကို မိမိမှလည်းပြန်လည်ပေနိုင်ရမယ် ကိုးကွယ်အမွှန်းတင်ခြင်းမဟုတ်ဘဲယုံကြည်လေးစားခြင်း သာဖြစ်နေရပါမယ်…

အတ္တနှင့်မာနကို ခွင့်လွှတ်နားလည်ခြင်းဖြင့် ချေဖျက်နိုင်ရပါမယ်..

ယောက်ျားတယောက်ကို ဒူးထောက် ခယ အောက်ကျခံပြီး ချစ်ဖို့မလိုသလို အနိုင်ယူ အထင်သေး အသာစီးယူပြီး ချစ်တာလည်း မဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်..

အပြန်အလှန်နားလည်မှုဖြင့်ပျှော်ရွှင်ချမ်းမြေ့စွာလျှောက်လှမ်းနိုင်ကြပါစေလို့….

Credit ;ko Than lwin