ဇာတ် ပို့သရုပ်ဆောင် အေးသီတာကတော့ ဖေ့ဘွတ်ခ်ပေါ်မှာသူမခံစားရသမျှကို ပေါက်ကွဲနေခဲ့တာပါ။ “တစ်ခုတော့ပြောပါရစေ…ကျွန်မအေးသီတာ ဟာ ဘယ်လိုစိတ်ထားမျိုး ဘယ်လိုလူမျိုးဆိုတာ ရုပ်ရှင်အသိုင်းဝန်းနဲ့ လူမှုအသိုင်းဝန်းက လူတွေ သိထားကြပြီးသားပါ….ကျွန်မဟာ အမြဲတမ်း တဟီးဟီးတဟားဟားနေတတ်ပေမယ့် ကျွန်မမှာလဲ စိတ်ညစ်တဲ့အချိန်ဆိုတာရှိပါတယ်…..အဲ့ဒီလို စိတ်ညစ်တဲ့အချိန်မျိုးနဲ့ ကြုံရင်တော့ အမြဲသည်းခံတတ်တဲ့ကျွန်မစိတ်ဟာ တခါတလေ ပေါက်ကွဲ ထွက်မိကောင်းထွက်မိမယ်လေ…..အဲ့လိုကျ အေးသီတာ လူဆိုးမကြီးဖြစ်ရော ဒါကြောင့် လူဆိုးမကြီးပြောပြော ဘာကြီးပဲပြောပြော နောက်ပိုင်းတော့ နယူတန်နိယာမ လုပ်သင့်လုပ်ရတော့မှာပဲ… လူတွေဟာ ဘာဖြစ်ချင်နေကြလဲ မသိဘူး… အမြဲခွင့်လွတ်သည်းခံနေပါတယ်ဆိုမှ တစ်နေ့ထက် တစ်နေ့ခေါင်းပေါ် ချီးမတက်ပါရုံတမယ်ပဲ”

“ဘဝ မှာ အသက်အရွယ်ကလဲ ကြီးပါပြီလေ…အေးအေးချမ်းချမ်းလေးပဲ နေချင်တော့တယ်အဲ့လို စိတ်တွေမွေးဖို့အရာရာကို သည်းခံနေခဲ့တာ.. ဒါပေမယ့် ကျမရဲ့သည်းခံစိတ်ကို စော်ကားချင်သူ အတွက် အခွင့်အရေးမို့လားမသိဘူး

ပိုပိုလို့ဆိုးလာတော့တယ်.. တကယ်တော့ ကျွန်မလဲ စိတ်နဲ့တည်ဆောက်ထားတဲ့ လူသားတယောက်ပဲလေ ဘယ်လောက်ပဲ သည်းခံခံ တစ်ချိန်တော့ ပေါက်ကွဲထွက်မှာပါပဲ……နောက်လူအချို့တွေကို ဒီနေရာကနေ တခုတော့ ပြောပြပါရစေ….. ကျွန်မအေးသီတာသည် မိမိစိတ်နဲ့မိမိလူဖြစ်တာဖြစ်တဲ့အတွက်

အရာရာ ကောင်းခြင်း ဆိုးခြင်းသည်မိမိနဲ့သာ သက်ဆိုင်တဲ့အတွက်……ကျွန်မ မကြိုက်နှစ်သက်တဲ့ ဘယ်အရာမဆို စိတ်ရင်းစေတနာနဲ့ ညှိုနှိုင်းပေးတာကို လက်ခံပေမယ့်… ကြားထဲက အနှောင့်သဘောမျိုးနဲ့ လာညှိနှိုင်းမှုမျိုးကိုတော့ လက်သင့်ခံမည်မဟုတ်ပါ…….အားလုံးကို ပိစ်ပါ” ဆိုပြီးရေးသားခဲ့ပါတယ်။

သူကတော့ စိတ်ထားကောင်းကောင်းနဲ့လူတကာကိုဆက်ဆံခဲ့ပေမယ့် လူလိုနားမလည်တဲ့လူတချို့ကြောင့် သူရဲ့ရင်ထဲကခံစားချက်တွေ ပေါက်ကွဲခဲ့ကာအများသိအောင် ရေးသားခဲ့တာဖြစ်ပါတယ်။

Credit-နေ့ စဉ်သတင်းနှင့်သုတရသအဖြာဖြာ