ပ ရိသတ်အချစ်တော် နေခြည်ဦးကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့ ဘဝကို မြှပ်နှံထားသူ ဖြစ်ပြီး တစ်နေ့တစ်ခြား အားပေးတဲ့ ပရိသတ်တွေတိုးလာသူဆိုရင်လည်းမမှားပါဘူး။နေခြည်ဟာ သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာနယ်ပယ်ထဲကို ခြေချလာပြီးနောက်ပိုင်းမှာ ရုပ်ရှင်တစ်ကားနဲ့တစ်ကား သရုပ်ဆောင်စွမ်းရည်တွေက အံ့မခန်းတိုးတက်လာသူတစ်ဦးလို့ဆိုရမှာပါ။ နေခြည်နဲ့ ပရိသတ်တွေသည်းသည်းလှုပ်ချစ်တဲ့ မိုရီဆာကီဝင်းရဲ့ အိပ်မက်တွေမိုးထားတဲ့အိမ် ဇာတ်လမ်းတွဲဟာဆိုရင်လည်းမကြာခင်မှာ MNTV မှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပြီး ပရိသတ်တွေကလည်း နေခြည့်ကို အားပေးကြည့်ရှုဖို့ စောင့်မျှော်နေကြပါပြီ။ ဒါ့အပြင်နေခြည်က စာပေလောကသားတွေရောရုပ်ရှင်လောကသားတွေပါ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ မယ်လွင့်ရဲ့ Rosella မှာလည်း Rosella အဖြစ်သရုပ်ဆောင်ရိုက်ကူးထားပါသေးတယ်။

ဘဝတစ်ခုလုံးကိုအနုပညာအလုပ်တွေမှာပဲမြှုပ်နှံထားပြီးပရိသတ်တွေရဲ့အားပေးမှုတွေအလကားမဖြစ်ရအောင်အလုပ်တွေကြိုးစားနေတဲ့နေခြည်က အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း အရင်လို လူသိရှင်ကြားချပြတာတွေ မရှိတော့သလို အေးချမ်းတည်ငြိမ်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားသူတစ်ဦး လည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့ နေခြည်အခုလို တစ်ကိုယ်တည်း Single အဖြစ်နဲ့ အနုပညာအလုပ်တွေလုပ်နေတာကိုပဲ မြင်ချင်ကြတာပါ။နေခြည်က မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ သူမ လိုချင်တဲ့ ခင်ပွန်းလောင်းမှာ ရှိရမယ့်အရည်အချင်းတွေနဲ့ လင်းလင်းနဲ့ချစ်သုဝေရဲ့သမီးလေးတွေလိုချစ်စရာကလေးလေးတွေလိုချင်ကြောင်းပြောပြသွားခဲ့ပါတယ်။

နေခြည်က ခင်ပွန်းလောင်းမှာ ရှိရမယ့်အရည်အချင်းတွေကို “ခင်ပွန်းလောင်းက အရင်တုန်းကတော့ လျှောက်ပြောတာပေါ့နော်။ အရပ်ရှည်ရမယ် အရပ်ပုရမယ် ဘာညာ၊ အခုကတော့ သေချာပါတယ် နေခြည်ယူမယ့် ခင်ပွန်းလောင်းက family ကို အရမ်းချစ်တတ်တဲ့ယောက်ျားမျိုးဖြစ်ရမယ်။ Family မှ family ပေါ့နော်။ အရင်တုန်းကလည်း သူ့ကိုအဲ့လိုမျိုးချစ်တတ်တဲ့ family ကလာတဲ့ ယောက်ျားမျိုးဖြစ်မှပဲ နေခြည်နဲ့ မိသားစုထူထောင်တဲ့အခါမှာ မွေးလာမယ့် သားသမီးတွေကို သူအဲ့လိုချစ်မယ်လို့ နေခြည်ထင်တယ်။ နေခြည့်ရဲ့ မိသားစုက အရမ်းကြီးနွေးနွေးထွေးထွေးမဟုတ်ပေမယ့် နေခြည့်ရဲ့အဖေက ရှေ့မှာ ဦးဆောင်လမ်းပြဖြစ်ခဲ့တယ်။ နေခြည့်အဖေက သားသမီးသည် တစ်၊သားသမီးသည်နှစ်၊ မိန်းမသည် လေးငါးလောက်မှာရှိတာဆိုတော့ နေခြည်တို့အပေါ်နေခြည့်အဖေချစ်တဲ့အချစ်ကို နေခြည်သိတဲ့အတွက် နေခြည့်အဖေလိုမျိုးယောက်ျား၊သားသမီးကိုချစ်တဲ့သူ၊အဲ့လိုမျိုးလိုချင်ပါတယ်”လို့ ပြောထားပါတယ်။

နေခြည်ကခေတ်နဲ့သစ်တို့ကိုမြင်ပြီးတော့ သားသမီးလိုချင်သွားတဲ့အကြောင်းလည်း “ခေတ်နဲ့သစ်တို့ကိုမတွေ့ခင်တစ်နာရီလောက်ထိ နေခြည်ဦးက ယောက်ျားလည်းမလိုချင်ဘူး။ အိမ်ကပေးစားရင်တန်းယူလိုက်မယ်တို့ ကလေးလည်းမလိုချင်ဘူးတို့ လျှောက်ပြောခဲ့တာပေါ့နော်။ တကယ့်မိသားစု family life ဆိုပြီးတော့ မချစ်သုဝေတို့ကိုလင်းလင်းတို့ကိုအပြင်မှာတွေ့လိုက်ရတဲ့အချိန်မှာ ကလေးတွေကိုမြင်လိုက်ရတဲ့အချိန်မှာ သြော် သားသမီးရတနာဆိုတာ ဒါပါလားပေါ့နော်။ family life ဆိုတာ ပြောသလောက်မလွယ်သလို ပြောသလောက်လည်းမခက်ပါလားပေါ့နော်။ နေခြည်တွေးမိတယ်။ နေခြည်အသက်အရွယ်တစ်ခုရောက်ရင် အသက်သုံးဆယ်ကျော်ရင် ခေတ်နဲ့သစ်တို့ကိုပိုင်ဆိုင်ထားတဲ့ မချစ်သုဝေတို့လို family လေးလိုချင်ပါတယ်”လို့ ဖြေကြားထားပြီး ခေတ်နဲ့သစ်လိုချစ်စရာကောင်းတဲ့ကလေးလေးတွေလိုချင်ကြောင်းလည်း “မွေးလာမယ့်ကလေးလေးတွေကိုလည်းခေတ်နဲ့သစ်တို့လိုချစ်စရာကောင်းတာလေးတွေတော့ လိုချင်တာပေါ့နော်။ ဒါပေမယ့်လည်း ကိုယ့်ရုပ်က ပြင်ထားလို့ချောတာဆိုတော့ သိပ်မမှန်းရဲဘူး။ ဒါပေမယ့်ချစ်ဖို့ကောင်းမယ်ထင်ပါတယ်။ သားလေးလိုချင်တယ် သမီးလေးလိုချင်တယ် အမြွာလေးလိုချင်တယ်တော့မရှိဘူး။ ဒါပေမယ့် မိသားစု life လေးနေခြည်စချင်တယ်။ ကိုယ့်အတွက်ကိုယ်မဟုတ်တော့ပဲ ကိုယ့်သားသမီးအတွက်ဆိုတဲ့စိတ်မျိုးနဲ့ ကြိုးစားချင်တဲ့စိတ်ကိုလိုချင်ပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

Credit YGN NEWS