မေ လသံစဉ်ကတော့ တက်သစ်စ အနုပညာရှင် အဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီးတော့ ပရိသတ်အားပေးမှုကို တခဲနက်ဆိုသလို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ တက်သစ်စအဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ဝါရင့်အဆိုတော်တွေနဲ့ အပြိုင်သီချင်းတွေကို သီဆိုနိုင်ပြီးတော့ ပရိသတ်တော်တော်များများရဲ့ အချစ်ကိုခံနေရသူတစ်ယောက်ပါ။အသက်အရွယ်ငယ်ပေမယ့် ထူးချွန်ထက်မြတ်တဲ့ အဆိုတော်မလေးမေလသံစဉ်ကတော့ ဒီ (၂၀၁၉) အကယ်ဒမီရွှေကြို ရွေးချယ်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ထားတယ်ဆိုတာ ပရိသတ်တွေသိပြီးဖြစ်မှာပါနော် ။

အခုတလော ကောင်မလေး တွေ ကြား ရေပန်းစားနေတဲ့ ထွန်းဝီရ နဲ့ အသံချိုချို လေး နဲ့ မေလသံစဉ် တို့ သူငယ်ချင်း နှစ်ဦးရဲ့ ချစ်စရာ ကောင်းတဲ့ ပုံစံလေး နဲ့လိုက်ဖက်အောင် အချစ်ဆိုတာ ဆိုတဲ့ သီချင်းလေး ကို CoverSong အဖြစ် အသက်သွင်းထားပါတယ် ။ အကယ်ဒမီ ရွှေကြို ပွဲမှာ ရေပန်းအစားဆုံးသော အနုပညာမောင်နှမ နှစ်ဦး ရဲ့ကာဗာ သီချင်းလေး ကို ပထမပိုင်း ပရိသတ်ကိုအမြည်းပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းကတော့ ရင်ခုန်စွာနဲ့ဆက်လက်စောင့်မျှော်ရမှာပဲဖြစ်ပါတယ် ။

ရွှေကြိုဝင်ပြိုင်ထားတဲ့ အနုပညာ မောင်နှမ နှစ်ဦး ရဲ့ အမှတ်တရ Video လေး ကိုကြည့်ပြီး Cele Gabar ပရိသတ်ကြီးလည်း နှစ်ခြိုက်သဘောကျမယ်ထင်ပါတယ်နော် ။ မေလသံစဉ်နဲ့ ဝီရကိုချစ်ကြတဲ့ချစ်ပရိသတ်ကြီးကလည်း ဒီ Cover Song လေးကို အားပေးရင်း နောက်ထပ်အပိုင်းကိုဆက်လက်စောင့်ကြည့်ပေးပါဦးနော် ။

Source : 7th Sense Creation
Emily ( Cele Gabar )