(၂၀ ၁၉) ခုနှ စ် အမျိုးသားဇာတ်ဆောင် အကယ်ဒ မီဆုရှင်တွေအဖြစ်ယာထားခြင်းခံရတဲ့ နာမည်ကြီး မင်း သား(၅) ယောက်

Cele Gabar ပရိသတ်ကြီးရေ အနုပညာရှင်တွေနဲ့ ပရိသတ်တွေအားလုံး မျှော်လင့်စောင့်စားနေကြတဲ့ (၂၀၁၉) ခုနှစ်အကယ်ဒမီထူးချွန် ဆုပေးပွဲ အခမ်းအနားကြီးကတော့ ပြန်လည်နီးကပ်လို့လာခဲ့ပါပြီ ။ နှစ်စဉ်နှစ်တိုင်း ပရိသတ်တွေကတော့ အကယ်ဒမီရနိုင်ချေရှိတဲ့ အနုပညာရှင်တွေကို ခန့်မှန်းခဲ့ကြပြီး သူတို့ချစ်တဲ့ အနုပညာရှင်တွေကို အကယ်ဒမီဆုရှင်တွေအဖြစ် မြင်တွေ့ချင်ကြတာတော့ထုံးစံပါပဲ ။ ဒီနှစ်မှာလည်း အကောာင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင် မင်းသား (၅) ယောက်ပေါ်ထွက်လာခဲ့ပါတယ် ။

အမျိုးသားဇာတ်ဆောင်ဆုအတွက် ဒီနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာ ရင်ခုန်ရမယ့် မင်းသား (၅) ယောက်ကတော့ နေတိုး ၊ မြင့်မြတ် ၊ လူမင်း ၊ ဇဏ်ခီ နဲ့ ရဲတိုက်တို့ပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ..။ နေတိုး ကတော့ ပြုံးရွှင်ရေပျော်ရဲ့လား ၊ အထက်တန်းစား ၊ မဟူရာရုပ်ရှင်ရုံ၊ အခမ်းနားဆုံးမေတ္တာ ၊ ချည် ၊ နိုင်ငံကြီးသား ၊ ရူးအောင်ချစ်မယ့်သူ ၊ ဗိုလ်နေတိုး ၊ Box No -88 ဇာတ်ကားများဖြင့်လည်းကောင်း ၊ မြင့်မြတ်ကတော့ ထာဝရထက် နှစ်ဆ ၊ ရိုးမပေါ်ကျတဲ့မျက်ရည် ၊ ကျောမှာဂဠုန် ရင်မှာနဂါး ဇာတ်ကားများဖြင့်လည်းကောင်း ၊ လူမင်းကတော့ နို့ဘီလူး ၊ ညစ်တွန်း ဇာတ်ကားများဖြင့်လည်းကောင်း ၊ ဇဏ်ခီကတော့ ထာဝရ နှောင်ကြိုးကားဖြင့်လည်းကောင်း ၊ ရဲတိုက်ကတော့ ဒဏ္ဍာရီမိုး ဇာတ်ကားဖြင့်လည်းကောင်း အကယ်ဒမီဆန်ကာတင် စာရင်းဝင်ခဲ့တာဖြစ်ပါတယ် ။

အကယ်ဒမီဆုပေးပွဲကြီးက မတ်လ (၂၉) ရက်နေ့မှာကျင်းပ ပြုလုပ်မှာဖြစ်ပြီး ပရိသတ်တွေကတော့ အကယ်ဒမီရရှိမယ့် အနုပညာရှင်တွေကိုယ်စား ရင်ခုန်စိတ်လှုပ်ရှားနေကြပြီထင်ပါတယ် ။ Cele Gabar ပရိသတ်ကြီးကရော ဘယ်အနုပညာရှင်ကို အကယ်ဒမီရစေချင်လဲမှတ်ချက်ပေးခဲ့ပါဦးနော် ။

Credit-Emily ( Cele Gabar )