ေ ကာင်းမြတ်စံကတော့ MRTV-4 မင်းသားချောလေးတစ်လက်ဖြစ်ပြီး ပရိသတ်တွေအချစ်ပိုရတဲ့မင်းသားချောလေးဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ ပြည်တွင်းကမဒီလေးတွေသာမက ပြည်ပနိုင်ငံတွေမှာပါ မိန်းကလေးပရိသတ်တွေအကြီးအကျယ်ဝန်းရံအားပေးမှုကို ရရှိထားသူတစ်ယောက်ပါ။

သူတို့နှစ်ဦးကတော့ မကြာသေးခင်က ပွဲတစ်ခုကိုအတူတူတက်ရောက်ခဲ့ပါသေးတယ်။အတူတူထိုင်နေတဲ့ပုံလေးတစ်ခုကို ပရိသတ်တွေကိုဝေမျှရင်း အရွှန်းဖောက်ခဲ့ပြန်တာလည်း ဖြစ်ပါတယ်။ကောင်းမြတ်စံကတော့ “ပိုင်တံခွန်ရေ….. အဲ့လောက်မကြည့်နဲ့ဟ ပရိတ်သတ်တွေ အထင်လွဲလိမ့်မယ်” လို့ ဆိုထားပါတယ်။ပုံလေးထဲမှာတော့ ပိုင်တံခွန်ကကောင်းမြတ်စံကို သေချာစိုက်ကြည့်နေတာပါ။

အခုဆိုရင် ယောက်ျားလေးအချင်းချင်းကိုလည်းတွဲပြီးတော့ စနောက်တာမျိုးတွေ လုပ်လေ့ရှိကြပါတယ်။ပရိသတ်တွေကလည်း ဒီလိုမျိုးပြောတာလေးနဲ့ပတ်သက်ပြီး ပိုစ့်အောက်မှာ စနောက်နေကြတာပါ။ပိုင်တံခွန်ကတော့ ပရိသတ်တွေအထင်လွဲလောက်စရာ အကြည့်တွေဖြစ်နေပြီးလား ပရိသတ်ကြီးရေ…

Source : KaungMyatSan

PanKyarWutHmone – CeleGabar