ပည်ထော င်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ရေးပူးပေါင်းကော်မတီ က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်း ပြီး ဖေဖော်ဝါရီ၂၅ ရက်မနေ့ကစတင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ကြရာ စစချင်းအချိန်မှာပဲ ဗိုလ်မှူးချုပ်အောင်စန်းချစ် က ပုဒ်မ ၂၆၂. မှ ပုပ်မခွဲ တစ်ခုတွင် စာပုဒ်တစ်ပုဒ် ကျန်နေသည့် ကိစ္စကား ထောက်ပြခဲ့ရာ ပူးပေါင်းကော်မတီ အတွင်းရေးမှူးဆိုသူ ဒေါက်တာမြဥာဏစိုးက ၎င်းတို့ကော်မတီအနေနဲ့ ဘာမှ မပြင်ဆင်ထားကြောင်း ရှင်းလင်းခဲ့သဖြင့် တပ်မတော်သားလွတ်တော်ကိုယ်စားလှယ် အချို့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ကိုယ်စားလှယ်များအကြား ပွတ်တိုက်မှုတွေရှိခဲ့ သဖြင့် လွတ်တော်နာယကမှ ထိမ်းသိမ်းဆောင်ရွက်ခဲ့ရသည် ။

၎င်း ကဲ့သို့ စာပုဒ် တစ်ပုဒ်လုံးကျန်နေသည့်ကိစ္စ အား နာယကကြီးမှ စီစစ်ခဲ့ရာ လွှတ်တော်ဝန်ထမ်းများ စာစီစာရိုက်ရာတွင် ကျန်နေခဲ့တာဖြစ်နိုင်ကြောင်းနှင့် ကိုယ်စားလှယ်တော်ကြီးများကိုတောင်းပန်ကြောင်းပြောဆိုခဲ့ပြီးလွှတ်တော်ကို ဆက်လက်ကျင်းပခဲ့သည်။ ၎င်းဖြစ်စဉ်နှင့်ပါတ်သက်ပြီး လွှတ်တော်ဝန်ထမ်းအချိုနဲ့မနေ့ကညနေပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာ ပြည်ထောင်စုလွှတ်တော် အဆို/မေးခွန်းများစီစစ်ရေး နှင့်ပြန်လည်ဖြန့်ဝေရေးဌာန မှ ဒေါ်ဆုမြတ်မွန်က ကျမတို့လွှတော်ဝန်ထမ်းတွေက အဲ့ဒီဖွဲစည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီကပေးပို့လာတဲ့ အချက်အလက် အကုန်လုံးကို ကွန်ပျူတာစာစီ သေခြာပြန်ကာလှန်ကာ စီစစ်ပြီးမှ မိတ္တူကူးပြီး ကိုယ်စားလှယ်တွေဆီကိုပြန်ဖြန့်ပေးရတာပါ ဒီနေ့မနက် ဖြစ်သွားတဲ့ကိစ္စမှာ ကျမတို့ဝန်ထမ်းတွေ မမှားပါဘူး သူတို့ပေးတဲ့မူရင်းလဲရှိပါတယ် ပေးခဲ့ကတည်းက ပါမလာလို့ စာစီတဲ့အထဲပါမသွားတာပါ

ဒါကို ကျမတို့ဝန်ထမ်းတွေပေါ့လျှောလို့ဖြစ်သွားရတာပါဆိုတော့ စဉ်းစားကြည့်ပါ စာလုံးတစ်လုံးနှစ်လုံးကျန်ခဲ့ရင်တောင် အပြစ်တင်လို့မပြီးနိုင်ကြတဲ့ သူတွေပါ မနက်ကလိုဖြစ်သွားတယ်ဆိုရင်ပြောမနေနဲ့မီးကုန်ယမ်းကုန်ဆူပွက်နေကြမှာပေါ့ အခုတော့ ဘယ်သူ့လိုအပ်ချက်လိုလို ဘယ်သူ့အပြစ်လိုလို နဲ့လုပ်နေကြတယ် ၊ ကျမတို့ဝန်ထမ်းတွေကတော့ တနေကုန်လိုင်းပေါ်မှာ ပြောခံနေရတာ တွေတွေ့ပါတယ် ဒီလိုပဲ တာဝန်ယူမှုတာဝန်ခံမှုမရှိပဲ ဝန်ထမ်းတွေကို ပုံချခံရတဲ့အတွက် စိတ်မကောင်းပါဘူး တစ်ချို့ဝန်ထမ်းတွေဆို နုတ်ထွက်စာတင်ပြီးထွက်တော့မယ်တွေ တောင်ဖြစ်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖွဲစည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ကပြင်ဆင်ရေးမူကြမ်း အချက်အလက်တွေနဲ့ကန့်လန့်ဖြတ်ဇယားအပါအဝင် ကော်မတီရဲ့လုပ်ငန်းစဉ်တွေကို ကော်မတီအတွင်းရေးမှူးဆိုသူ ဒေါက်တာမြတ်ဥာဏစိုးက ပြည်ထောင်စုလွှတ်တော် စီစစ်ရေးနှင့်ပြန်လည်ဖြန့်ဝေရေးဌာနကို ပေးအပ်ခဲ့တာဖြစ်ကြောင်း ပေးခဲ့စဉ်ကပင် ၎င်း စာပုဒ်မှာ ပါမလာတာဖြစ်သည့်အတွက် ၎င်း ကိုယ်၌ကသာ ဖြေရှင်းသင့်တယ်လို့ ပြည်ထောင်စုလွှတ်တော်မှ ဝန်ထမ်းများ ပြောဆိုခဲ့ကြသည်။

သတင်း FMG