ဖ ခင်ဖြစ်သူ၏ သားမယားပြုခြင်းကို ခံရသည့် ၁၄နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကိုယ်ဝန်(၅)လခန့်ရှိချိန်တွင် ရဲစခန်းသို့အမှု့ဖွင့်တိုင်တန်းမှု့ ဖေဖော်ဝါရီ ၂၄ရက်နေ့က လှည်းကူးမြို့နယ် ဒါးပိန်ရဲစခန်းအပိုင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် ဒါးပိန်ရဲစခန်းအပိုင် ဒါးပိန်တောင်ကျေးရွာ(အရှေ့ပိုင်း)နေသူ ဒေါ်အမာကြည်(၃၇)နှစ်သည် သမီးဖြစ်သူ မ—-(၁၄)နှစ်၏ ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်းမဟုတ်ပဲ ခါးတုတ်ပြီး ဗိုက်ပူနေသောကြောင့် သမီးဖြစ်သူအား မေးမြန်းကြည့်စဉ် ဒေါ်အမာကြည်၏ခင်ပွန်း မ—–၏ ဖခင်အရင်းဖြစ်သူ သိန်းဝင်း(၄၀)နှစ်(ဘ)ဦးထွန်းမြိုင်(လိပ်စာတူ)နေသူမှ အလိုမတူသားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခြင်းခံခဲ့ရကြောင်း သိရှိခဲ့ရာက ဒေါ်အမာကြည်မှ သမီးဖြစ်သူအား နီးစပ်ရာဆေးခန်းသို့ခေါ်ဆောင်၍ စစ်ဆေးကြည့်ရာ မ—-တွင် ကိုယ်ဝန်(၅)လခန့်ရှိကြောင်း သိရသဖြင့် ခင်ပွန်းဖြစ်သူ သိန်းဝင်းကို ဥပဒေအရအရေးယူပေးပါရန် ဒေါ်အမာကြည်မှ တရားလိုပြုလုပ်ကာ ဒါးပိန်နယ်မြေရဲတပ်ဖွဲစခန်းထံ၌ အမှု့ဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တရားလို၏တိုင်ကြားချက်အရ သမီးဖြစ်သူအလိုမတူပဲ ကိုယ်ဝန်ရရှိအောင် အလိုမတူအကြိမ်ကြိမ်သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသော သိန်းဝင်းကို ဒါးပိန်နယ်မြေရဲတက်ဖွဲ့စခန်းကဖမ်းဆီးကာ (ပ)၇၉/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့်အမှု့ဖွင့်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(လှည်းကူး)
Weekly Headline News Journal