ေ ဖေဖာ္ဝါရီ(၂၅) AlinnMyay(အလင်းမြေ)

၁၉ နှစ်အရွယ် မိန်းကလေး အိမ်ကနေထွက်သွားပြီး ပျောက်ဆုံးနေ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၇) ရပ်ကွက်၊ သံမဏိဖွံ့ဖြိုးရေး(၄)လမ်း နေ ဦးမြဆိုင် ၏ သမီးဖြစ်သူ မစုပုံချစ် အသက် (၁၉) နှစ် သည် ၁၅.၂.၂၀၂၀ ရက်နေ့တွင် နေအိမ်မှ မိသားစုများသိစေရန် စာတစ်စောင်ရေးထားခဲ့ပြီး ထွက်သွားရာမှ ယနေ့အချိန်အထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေပါသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် လူပျောက်အမှတ်စဉ် (၁၇/၂၀၂၀) ဖြင့် လူပျောက်တိုင်တန်းထားကြောင်း မိသားစုဝင်များထံမှသိရသည်။

အဆိုပါ မစုပုံချစ် ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး အမဖြစ်သူ မခင်ခင်ဝင်းမှ ပျောက်ဆုံးနေကြောင်း အထောက်အထားများ၊ ဓာတ်ပုံများအား AlinnMyay(အလင်းမြေ) မီဒီယာထံသို့ ပေးပို့ကာ လူမှုကွန်ယက်စာမျက်နှာတွင် တင်ပြကြော်ငြာပေးပါရန် အကူအညီတောင်းခံလာခဲ့ပါသည်။

အိမ်မှ ထွက်သွားသော မစုပုံချစ်သည် မိသားစုထံစာရေးထားခဲ့ပြီး အဆိုပါစာထဲတွင် ” မေမေ၊ဖေဖေ၊ မမလေး၊ ဌေးဌေး သမီးထွက်သွားပါပြီ၊ သမီးကိုလိုက်မရှာပါနဲ့ သမီး အမေတို့ရဲ့ တယူသန် ပုံစံခွက်ထဲမှာ မနေနိုင်တော့ဘူး၊ သမီးအမေတို့အားလုံးရဲ့ ခံစားချက်တွေနဲ့ အသက်ရှင်နေရသူပါ။ သမီးဘဝကို သမီးဘာသာ ဖန်တီးချင်တယ်။ သမီးရဲ့စိတ်ခံစားချက်တွေကို ဘယ်သူ့ကိုမှ ဖွင့်မပြောရဲ သမီးခံစားရတိုင်း ညရောက်တိုင်း သမီး အိပ်ယာထဲမှာ သမီးဘာသာ ပြောနေရပြီး ညတိုင်းငိုနေရတာပါ။ သမီးဆန္ဒကို ဦးစားပေးတယ်သာ အမေတို့ကပြောတာ တကယ်အမေတို့ဟာ အမေတို့ရဲ့ ဆန္ဒကို ဦးစားပေးနေတာပါ။ သမီးလည်း အရွယ်ရောက်နေပါပြီ၊ သမီးကိုယ်တိုင် လွတ်လပ်ခွင့်နဲ့ သမီးနေချင်တာပါ။ သမီး သူများတွေလို အိမ်ထောင်ပြုချင်တဲ့ စိတ်လည်း သမီးမှာ မရှိပါဘူး။ သမီးကိုယ့်ဘဝကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ချင်တဲ့ ဆန္ဒပဲရှိပါတယ်။ အဲ့ဒါကြောင့် သမီးထွက်သွားတာပါ။ အမေတို့ စိတ်ဆိုးမယ်ဆိုတာလည်းသိပါတယ်။ သမီးတောင်းပန်ခဲ့ပါတယ်။ သမီးအမေတို့ အားလုံးနဲ့ အဝေးဆုံးကို ထွက်သွားပါတယ်။ သမီးအားလုံးကို ကန်တော့ခဲ့ပါတယ်။ သမီးအမေတို့ကို ချစ်ပါတယ်။ အမေတို့လည်း ကျန်းမာရေး ဂရုစိုက်ပါ။ သမီးအတွက် လုံးဝ စိတ်မပူပါနဲ့” ဟု စာရေးသားထားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မစုပုံချစ်ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မစုပုံချစ်၏ မိခင် ဒေါ်သန်းသန်းဌေး ထံသို့ AlinnMyay(အလင်းမြေ) မီဒီယာမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်ရာတွင် “ကျမသမီး လေးကို ကျမတို့ အရမ်းစိတ်ပူနေပါတယ်။ သမီးကို ကျမတို့ စိတ်လည်း မဆိုးပါဘူး အမေရော၊ အဖေရော၊ မမတို့ရော အားလုံက သမီးကို ခွင့်လွှတ်ပါတယ်။ သမီးအမြန်ဆုံးပြန်လာစေချင်ပါတယ်။ သမီးကို အရမ်းကို မျှော်လင့်နေပါတယ်” လို့ မိခင်ဖြစ်သူ ဒေါ်သန်းသန်းအေးမှ ပြောပါတယ်။

ထို့ ကြောင့် ပျောက်ဆုံးနေသော ဖော်ပြပါ ဓာတ်ပုံပိုင်ရှင် မစုပုံချစ် အသက် (၁၉) နှစ် အား တွေ့ရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားပေးကြပါရန်နှင့် လက်ဆင့်ကမ်း မျှဝေပေးကြပါရန် AlinnMyay(အလင်းမြေ) မီဒီယာမှ အကူအညီတောင်းခံပေးလိုက်ပါသည်။

အိမ်ကနေထွက်သွားသော မစုပုံချစ်သည်လည်း မိသားစုများနှင့် အတူ မိဘများသည် လွန်စွာမှ စိတ်ပူပင်သောကများရောက်နေပါသဖြင့် အမြန်ဆုံး မိဘများထံ ဆက်သွယ် ပေးစေချင်ပါကြောင်း AlinnMyay(အလင်းမြေ) မီဒီယာမှ တိုက်တွန်းလိုက်ပါသည်။

ဆက်သွယ်ရန် ဖုန်း – 09 793803378 ၊ 09250051559 ၊ 09444924670

AlinnMyay(အလင်းမြေ)