နန်း ဆုရတီစိုးကတော့ ဒီနေ့မှာ “မြန်မာပြည်ကြီးထဲမှာ”လို့အမည်ရတဲ့ သူ့ရဲ့ သီချင်းအသစ်လေးတစ်ပုဒ်ရှိတဲ့အကြောင်း ပရိသတ်တွေကို ထုတ်ကြွားလာခဲ့ပါတယ်။ ဒီသီချင်းလေးကိုတော့ အသဲကွဲသီချင်းတွေကို ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်အောင်ထိထိမိမိနဲ့ ရေးသားနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း တေးရေးဆရာ ဝေကြီးက ရေးသားပေးထားတာပဲဖြစ်ပါတယ်။

သီချင်းလေးကတော့ မကြာမီအချိန်မှာ နန်းဆုကပရိသတ်တွေဆီကို အရောက်ပို့ပေးတော့မှာဖြစ်ပြီး ဘယ်နေ့မှထွက်ရှိလာမလဲဆိုတာကိုတော့ နန်းဆုကမနက်ဖြန်မှာ အတိအကျပြောပြပေးမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ပရိသတ်တွေကတော့ သီချင်းနာမည်လေးနဲ့တင် နန်းဆုရဲ့ သီချင်းအသစ်လေးကို စိတ်ဝင်တစားရှိနေခဲ့ပြီး အမြန်ဆုံးတင်ပေးဖို့ကိုလည်းတောင်းဆိုနေကြပါသေးတယ်။

ပရိသတ်တွေက ဒီသီချင်းလေးဟာ ဘယ်လိုပုံစံသီချင်းလေးဖြစ်မလဲဆိုတာကိုလည်း စိတ်ဝင်တစားရှိနေခဲ့ကြပါသေးတယ်။ အသဲကွဲသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်ရေးစပ်နိုင်တဲ့ ဝေကြီးကရေးစပ်ပေးထားတာဖြစ်ပြီး နန်းဆုကလည်း မကြာသေးခင်ကမှ အသဲကွဲထားတာဆိုတော့ အသဲကွဲသီချင်းလေးများဖြစ်လေမလား။ပရိသတ်ကြီးတွေကရော ဘယ်လိုပုံစံသီချင်းလေးဖြစ်မယ်ထင်လဲ။

Chilli – CeleGabar
Source – Nansu Yati Soe