ၾသစေတး လ် မွာ နေထိုင်တဲ့ မြန်မာနိုင်ငံသူ Influencer တစ်ယောက်ဖြစ်တဲ့ ပန်ကိတ်ဒါဒါကတော့ လက်ရှိမှာ အမိနိုင်ငံ မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ သူကတော့ ဘုရားဖူးသွားရင်း ဘုရားကလုံခြုံရေးဝန်ထမ်းများက နိုင်ငံခြားသူလို့ အထင်မှားတာကြောင့် ပရစ်ကြော်..ပရစ်ကြော်လို့ အော်ပြခဲ့တဲ့အကြောင်းကို “ အဲ့က လုံခြုံရေးကမေးတယ် နိုင်ငံခြားသူလား။ နဒီမ က မဟုတ်ဘူး မြန်မာပဲ ဖြေတာ မယုံသလိုကြည့်လို့ “ပရစ်ကြော် စားချင်တယ် ပရစ်ကြော်, ပရစ်ကြော်” ဆိုပြီး အော်ပြလိုက်ရသေးတယ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပန် ကိတ်ဒါဒါကတော့ ကိုယ်ပိုင်ပေ့ခ်ျလေးထောင်ပြီး အလှအပ၊ ဗဟုသုတတွေကို ပရိသတ်တွေအတွက် အမြဲဝေမျှလေ့ရှိကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားပါတယ်။သူကတော့ နိုင်ငံခြားမှာ ကျောင်းစာတစ်ဖက်၊ အလုပ်တစ်ဖက် လုပ်ကိုင်ရင်း Medical Biology ပညာရပ်ကိုကြိုးစားသင်ကြားနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ မြန်မာနိုင်ငံကိုအလုပ်ကိစ္စတွေနဲ့ ရောက်နေတာဖြစ်ပြီး ကြော်ငြာရိုက်ကူးရေးတွေကိုလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပန်းကိတ်ဒါဒါဟာ မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီကို သွားရောက်ဖူးမျှော်ခဲ့တာဖြစ်ပြီး ကျိုက်ထီးရိုးဘုရားမှ လုံခြုံရေးဝန်ထမ်းက သူ့ရဲ့ နိုင်ငံခြားမှာအနေကြာတာကြောင့် နိုင်ငံခြားသူပုံစံ ပြောဆိုဆက်ဆံမှုကိုကြည့်ပြီး နိုင်ငံခြားသူနဲ့ အထင်မှားခြင်းကိုလည်း ခံခဲ့ရပါတယ်တဲ့နော်။

CeleGabar ပရိသတ်ကြီးရေ မိန်းကလေးပရိသတ်တွေသာမက အမျိုးသားပရိသတ်တွေကပါ အမာခံအားပေးနေရတဲ့ သြစတေးလျမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသူ Influencer တစ်ယောက်ဖြစ်တဲ့ ပန်ကိတ်ဒါဒါကတော့ နိုင်ငံခြားသူနဲ့အထင်မှားခံရတာကို ပြောပြတာမယုံတာကြောင့် ပရစ်ကြော်…ပရစ်ကြော်လို့ အော်ပြခဲ့ပါတယ်တဲ့။ ပရိသတ်ကြီးရေ ပန်ကိတ်ဒါဒါရကြ အဖြစ်လေးကတော့ ရယ်ရမလို ငိုရမလိုဖြစ်နေပါပြီနော်။

Source: Ya Min Oo
DarDar-CeleGabar