သ ရုပ်ဆောင်ဘဝတုန်းကလည်း ဇာတ်ရုပ်တွေကို သေချာရွေးချယ်သရုပ်ဆောင်ခဲ့သူ ညိုမင်းလွင်ကတော့ လက်ရှိအချိန်မှာ သရုပ်ဆောင်တစ်ယောက်မလုပ်တော့ပေမယ့် ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုရရှိနေသူတစ်ယောက်ပါ။မကြာသေးခင်ကမှ ပြည်သူလူထုကြားမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ မြမြအကြောင်းကိုလည်း ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းခဲ့ကာ ပရိသတ်လက်ခံအားပေးမှုရရှိနေသူတစ်ယောက်ပါ။

မြမြဇာ တ်ကားဟာဆိုရင်လည်း ရိုက်ကူးစဉ်တုန်းကဝေဖန်မှုတွေ ခံခဲ့ရပေမယ့် ရုံတင်ပြသခဲ့တဲ့အချိန်မှာတော့ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကို ရရှိခဲ့ကာ အခုဆိုရင် တတိယမြောက်အပတ်ထိလည်း ရုံပြည့်ရုံလျှံအားပေးနေကြဆဲ ဆိုတာကို မြင်တွေ့ကြမှာပါ။

ဒါရိုက်တာညိုမင်းလွင်ကတော့ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးကနေပြီးတော့ အရည်အသွေးမှီတဲ့ ဇာတ်ကားတွေကို ရိုက်ကူးထုတ်လုပ်နိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး ကျားဖောင်ဇာတ်လမ်းကိုလည်း အရည်အချင်းရှိဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာအောင်ချမ်းလူကို ရိုက်ကူးဖို့ကမ်းလှမ်းထားပါသေးတယ်။

ဒါ့အပြင် မြမြဇာတ်ကားနဲ့အောင်မြင်မှုရရှိခဲ့တဲ့ ဒါရိုက်တာညိုမင်းလွင်ရဲ့နောက်ထပ်လက်ရာကောင်းတွေကို စောင့်မျှော်နေတဲ့ပရိသတ်တွေအတွက် သူကတော့ ဇာတ်ကားအသစ်လေးနဲ့ထပ်မံမိတ်ဆက်တော့မယ့် အကြောင်းကို “လာမယ့် စနေနေ့က လေးနှစ်မှာမှ တစ်ခါရှိတဲ့ Feb 29 ဗျ.. အဲ့ဒီနေ့မှာ နောက်ရိုက်မယ့်ကားကို Launch လုပ်ရင် ဘယ်လိုများနေမလဲ” ဆိုပြီးရေးသားခဲ့ပါတယ်။

သူ့ရဲ့နောက်ထပ်မိတ်ဆက်ပေးမယ့်ဇာတ်ကားကိုတော့ စိတ်ဝင်စားနေတဲ့ပရိသတ်တွေအတွက် လျို့ဝှက်ထားဆဲဖြစ်ပြီး အရိပ်အမြွက်အနေနဲ့ “ခင်ဗျား သူများတကာသေတာကို ထိုင်ရယ်ဖူးလား.. It’s dark comedy, See you on February 29” ဆိုပြီး ရေးသားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ…ဇာတ်ကားတိုင်းမှာ မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ ပရိသတ်ကိုအတွေးပေါင်းစုံပေးနိုင်သူ ညိုမင်းလွင်ရဲ့နောက်ထပ်ဇာတ်ကားအသစ်တစ်ခုက ဘာဖြစ်ဦးမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲနော်။

Source – Nyo Min Lwin
Rainbow- Cele Gabar