(၁၃)နှစ် အရွယ် ကောင်မလေးတစ်ဦး သံလွင်မြစ်ထဲ ခုန်ချဟုယူဆ ရှာဖွေနေလျှက်ရှိ

25.2.2020 (10:00)Am မော်လြ မိုင်မြို့ သီရိမင်္ဂလာ(၈)လမ်းနေ မမြတ်နိုးချစ် (၁၃) နှစ် (ဘ)ဦးမောင်ဖုန်း သည် ယမန်နေ့ နေ့ခင်း(1:30)Pm အချိန်ခန့်ကတည်းက ပျောက်ဆုံးနေ၍ မိသားစုဝင်များ လိုက်လံရှာဖွေနေ

ကောင်မလေး စီးသွားသည့် ဖိနပ်နှင့် ပိုက်ဆံ(၅၀၀)ကို မြစ်ကမ်းတွင်ချွတ်ထားလျှက် အနေအထားဖြင့် ရှာဖွေတွေ့ရှိ။ ယနေ့ နံနက်(၅)နာရီခန့်ကလဲ ဘိုကုန်းရပ် သံလွင်တံတားနားရှိ ငါးဖမ်းပိုက်များတွင် ပျောက်ဆုံးနေသည့် မမြတ်နိုးချစ် ၏ အလောင်းဟု ယူဆရသည့် အလောင်းတလောင်းငြိမိခဲ့ပြီး ပြန်ထိုးချမိသွားသည်ဟု သတင်းရပါသည်။

လက်ရှိ ကောင်မလေး၏ မိဘများနှင့် လှေသမားများမှ မော်လမြိုင် ကျောက်မီးသွေးရုံနားမှ သံလွင်တံတားထိ မြစ်ထဲ ငါးမျှားချိတ်တန်း၍ ရှာဖွေနေပါသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အကြောင်းကြားထားပေးကာ မ်ာလမြိုင်RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့မှလည်း ဝိုင်းဝန်းကူညီရှာဖွေပေးနေလျှက် ရှိပါသည်။အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဤအဖွဲ့စည်းသည်ကုသိုလ်မှအပမည်သည့်အခွင့်ရေးမှမရရှိပါ။

Credit