မနေ့ က တွေ့လိုက်တဲ့ ပိုစ့်ကြောင့် comment မပေးလိုက်ရလို့ အမေရိကန်မှာဆို တရားဝင်သေနတ်ကိုင်ခွင့်ရှိတယ်။

မိမိအိမ်ကို သူစိမ်းတယောက် ခြေချတာနဲ့ သေနတ်ဖြင့် အသေပစ်ခွင့်ရှိတယ်။ မိမိကိုယ်ကို ကာကွယ်နိုင်သဖြင့် လူသတ်မှု လူသေမှု မမြှောက်ပါ။

တရားသူကြီးက သူစိမ်းလူ လက်နက်ပါ မပါ၊ ဓားပြတိုက်ရန် ပစ္စည်းခိုးယူရန် အိမ်ထဲမှ လူကို မုဒိန်းကျင့်ရန် အချိန်ကုန်ခံ ဝေဖန်ပိုင်းခြား ဆုံးဖြတ်နေမှာ မဟုတ်။ သေနတ်ဖြင့် ပခတ်သည့် အိမ်ရှင်အား ကွင်းလုံးကျွတ် လွတ်ပေးပါတယ်။လွတ်ပေးပါတယ်။

အခု လှိုင်သာယာ ဖြစ်ရပ်မှာ သမီး ရည်းစား နှစ်ယောက် ချိန်းတွေ့နေတယ်။ လူစိမ်း နှစ်ယောက်က ချဉ်းကပ်လာတယ်။ လုယက်ဖို့ (သို့မဟုတ်) လုယက်ပြီး မုဒိန်းကျင့်ဖို့ရန်။ အရင်ကလည်း ဒီလိုဖြစ်ခဲ့ဘူးတဲ့ ဖြစ်ရပ်တွေ ရှိတယ်။

စုံတွဲမှာ ကောင်လေးက တစ်ယောက်တည်း။ ဟိုဘက်က နှစ်ယောက်။ ကောင်လေးက အသင့်ယူ လာတဲ့ ဓားနဲ့ ထိုး။ (ရိုးသားမှန်း သိသာတယ်။ သူ့ဓားလို့ ဝန်ခံတယ်။ ကျနော်သာဆို ဟိုနှစ်ကောင်ရဲ့ ဓားလို့ ပြောမှာ) ဟိုနှစ်ကောင်မှာ ဓားမပါပေမယ့် တုတ်တို့၊ ပုလင်းတို့ ပါမှာပေါ့။ Body အရွယ်အစားရော ယှဉ်သေးလား? ဓားနဲ့ ထိုးရမှာဘဲလေ။

ကိုယ်သာ မထိုးရင် ကိုယ့်ကို ကြိုးတုတ် ကိုယ့်ရည်းစားကို မုဒိန်းကျင့်သွားတောင် ထိုင်ကြည့်နေရမယ့် အပေါက်။ ကျနော်သာ တရားသူကြီးဆို ကာကွယ်မှုအနေနဲ့ ဆုံးဖြတ်ပြီး ကွင်းလုံးကျွတ် လွတ်ပေးလိုက်မယ်။

အခု လူသတ်မှုနဲ့ တရားစွဲခံရတဲ့ မျိုးသက်လွင် နေရာမှာ ရဲအရာရှိတစ်ဦးသာဆိုရင်ရော ဆောင်ယူလာတဲ့ ဓားနဲ့အစား လုယက်သူနှစ်ကောင်ကို သေနတ်နဲ့ ပစ်သတ်မိရင် လူသတ်မှုနဲ့ စွဲချက်တင်မှာလား?Aung Aung Ye Kyaw