ပ ရိသတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်မားခဲ့တဲ့ Myanmar Idol Season(4)ရဲ့ Runner Up တစ်ယောက်ဖြစ်တဲ့ အေးမြဖြူလေးကတော့ ပြိုင်ပွဲပြီးနောက်ပိုင်းမှာ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ တက်သစ်စငွေကြယ်ပွင့် အနုပညာရှင် တစ်ယောက်ဖြစ်လို့နေပါပြီ..။ မိုးသိုလေးကတော့ ရုပ်ရှင်တွေလည်း ရိုက်ကူးနေသလို ကြော်ငြာများကိုလည်း မအားမလပ်နိုင်အောင် ရိုက်ကူးလုပ်ဆောင်နေရတာပဲဖြစ်ပါတယ်..။ မိုးသိုလေးက အနုပညာအလုပ်တွေကို ပညာရေးတစ်ဖက်နဲ့ လုပ်နေရပေမယ့် နည်းနည်းလေးမှာ ပင်ပန်းတယ်လို့ မထင်ဘဲ သူမကိုယ်တိုင် ပျော်ရွှင်နေရတယ်လို့ မီဒီယာတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်နော်..။

လူ ချစ်လူခင်များတဲ့ မိုးသိုလေးကတော့ သူမအတွက် အဆင်မပြေဖြစ်တဲ့ အကြောင်းအရာလေးတစ်ခုကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှာ “သမီးရဲ့ Personal Phone Numberကို သိကြတဲ့ Fanများ၊ မိတ်ဆွေများ တခြားသူများ လာတောင်းရင် မပေးကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်..။ချေတာမဟုတ်ပါဘူး၊ အဆင်မပြေလို့ပါ..။ပွဲကိစ္စအတွက် 095131842 မေမေ့ဖုန်းကို ဆက်ပေးကြပါ Plz..” ဆိုပြီး သူမရဲ့ မိုင်ဒေးလေးမှာ ရေးတင်ခဲ့ပါတယ်..။ သူမရဲ့ Personal ဖုန်းကို ဆက်နေတာ အဆင်မပြေဖြစ်ရလို့ ချေတာမဟုတ်ပါဘဲ နားလည်ပေးပြီး မဆက်ကြဖို့ကို မေတ္တာရပ်ခံတဲ့ စာလေးကို တင်လာခဲ့တာပါ..။

ဒါပေမယ့် နားမလည်ကြတဲ့ လူတစ်ချို့ကြောင့် အဆင်မပြေရတဲ့အဖြစ်လေးကို ဒီနေ့ ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှာ “ဆက်ကြဟေး” ဆိုပြီး သူမရဲ့ ခံစားချက်လေးကို မိုင်ဒေးမှာ တင်လာခဲ့ပါတယ်နော် ပရိသတ်ကြီးရေ..။ မိုးသိုလေးကတော့ နှောင့်ယှက်နေတဲ့ လူတစ်ချို့ကြောင့် အလုပ်လုပ်ရတာ အဆင်မပြေဖြစ်နေပြီ ထင်ပါတယ်နော်..။ပရိသတ်ကြီးထဲက မိုးစက်လေးတွေလည်း အေးမြဖြူလေးရဲ့ Personal ဖုန်းလေးကို မဆက်ဖို့ သတိပေးလိုက်ကြပါဦးနော်..။

Credit