ေ သာၾကာ,ဆားဝယ်​ ​ငွေ​ကြေးကြွယ်

ပြုလုပ်​ရမှာက… ​သောကြာ​နေ့တိုင်း

မနက်​၆နာရီ မှ ၆နာရီ ၁၅မိနစ်​အတွင်း ။

နေ့လည်​ ၁နာရီမှ ၁နာရီ ၁၅မိနစ်​အတွင်း။

ည ၈နာရီမှ ၈နာရီ ၁၅ မိနစ်​အတွင်း။

၎င်း ၃ကြိမ်​မှ မိမိအဆင်​​ပြေသည့်​ အချိန်​တွင်​ အိမ်​သုံးဆား တစ်​ထုတ်​ ဝယ်​ယူရမှာ ဖြစ်​ပါတယ်​။

အချိန်​သည်​ ၁၅မိနစ်​ ပဲ ရပါတယ်​။ ဝယ်​ယူပြီး မိမိအိမ်​ကိုပြန်​လာခဲ့ရမှာပါ။

ဆားဝယ်​ပြီး အိပ်​လိုက်​မထားပါနဲ့ ​ဖောက်​ပြီး မြေအိုးထဲ ထည့်​ပါ အဖုံးပါ​သော ​မြေအိုး ပို​ကောင်းပါတယ်​။

မြေအိုး မရှိသူများ အဆင်​​ပြေ​သော ဗူးထဲသို့ ​ဖောက်​ထည့်​ပါ။

မြေအိုးအသုံးပြူပါက သိသာစွာ အကျိုး ၅ ဆ အထိ အာနိသင်​ ဖြစ်​​ပေါ်ပါသည်​။ ဆားကို​တော့ အိမ်​တွင်​ အသုံးပြုပါ။

ဘာ​တွေ အကျိုးရှိသလဲ လို့​မေးရင်​​တော့…

ငွေ​ကြေးကံ​ကောင်းခြင်း၊ လာဘ်​တိတ်​ခြင်းများ ကင်း​ဝေး​စေပြီး၊ ရရှိရန်​ အ​ကြွေးများပြန်​ရခြင်း၊ မ​မျော်​လင့်​ထား​သော​ငွေ​ကြေးများ ရရှိပြီး ငွေ​ကြေးကံ ​ကောင်း​စေပါတယ်​။

ဘဏ်​လုပ်​ငန်းများ စတင်​ခဲ့တာကလည်း ရှေးယခင်​က ဆား​လှောင်​ချင်း ဆားကုန်​ကူးခြင်းကို အ​ခြေခံ ပြီးစခဲ့ချင်းဖြစ်​ပါတယ်​။

ထို့​ကြောင့်​မိမိ အိမ်​တွင်​ ဆားကို ​မြေအိုး ဖြင့်​ များများ ထားခြင်း

ဥပမာ ယခင်​က အိမ်​တွင်​ ဆား ၅၀ သား အမြဲ ရှိ​နေပါက ယခု မှ စ၍ ၃ပိဿာထိ ဝယ်​ထားပါ ထူးခြား ​သောအကျိုး လက်​​တွေ့ သိရပါမည်​။

ငွေ​ကြေး ပမာဏ ဝင်​လာမှုက​တော့ မိမိအလုပ်​အကိုင်​ ကျိုးစားမှုအ​ပေါ်မူတည်​ပါတယ်​။

မိမိတို့ပြုလုပ်​​နေကြ ဒါန၊ သီလ ၊ ဘာဝနာ တရားများကို အ​ခြေခံပြုလို့ ယခု နည်းကိုလည်း ပြုလုပ်​ကြည့်​​စေချင်​ပါတယ်​။ဆရာ နေသွေး