တော သူမကြီး အမေပုရဲ့ သားပျောက်ရှာပုံတော် အဆုံးသက်နိုင်ခဲ့ပြီ မထင်ထားဘူး ကျတော်လုံးဝမထင်ထားဘူး ကျတော် ထင်တာက စိုးမင်းအောင် သေပြီ။ သေချာပေါက် သေပြီ။ ဘာလို့ဆို စိုးမင်းအောင်ပျောက်တာ နှနှစ်ကျော်ပြီ။ နောက်ပြီး သူက မသန်းစွမ်း အစာရေစာ ငတ်မယ် မသမာသူနဲ့တွေ့မယ် ဒိထက်ပိုဆိုးနိုင်တာက ဘာမှခိုင်းစားမရတောင် ခွက်တလုံးပေးပြီး တောင်းခိုင်းမယ် ဒါမှမဟုတ် ကလီစာတွေထုတ် ရောင်းကြမယ်။ ခင်များစဉ်းစားကြည့်လေ ဒါ မဖြစ်နိုင်ဘူးလား။

#ငြမ်းချည်တဲ့ကြိုးကြောင့် ကျွန်းလှရောက်လာကြသူများ (သို့မဟုတ်) ကလေးပျောက်ရှာပုံတော် ကို စာဖက်သူ ဖက်ပြီးလောက်ရောက်ပေါ့။ ဒီအကြောင်းကို တကျော့ပြန် လေကြောမရှည်လိုပါ။ ကျွန်းလှကနေ အမေပုပြန်သွားတယ်။စိတ်ထောင်တော့ ကိုယ်ကြေနေတဲ့ အမေပု ရွာရောက်တာနဲ့ ဖျားတော့တာပဲလို့ သိရတယ်။ တရက်ခြားလောက် ကျတော့်ဆီဖုန်းဆက်တယ်။ ကျေးဇူးတင်တဲ့အကြောင်း နှုတ်ကမချဘူး။အမေပုတို့ ​ရောက်လာတုန်းက ​နွေးနွေးထွေးထွေးကြိုလို့ မင်းဟာ အမေ့သားလေးဖြစ်ရင် သိပ်ကောင်းမှာပဲလို့ မကြာမကြာ ပြောတယ်။

သား အလုပ်များတာ သိပါတယ် သားရယ် အမေတခါတလေး ဖုန်းဆက်လို့ရတယ်မို့လား အမေ့တို့ဆီကိုလည်း လာလည်ပါနော် စသဖြင့် သားပျောက်မိခင်တယောက်ဟာ သူ့ကို အမေလို့ခေါ်ပြီးပြောသူတိုင်း သူ့သားသဖွယ် မှတ်ယူနေတယ်ထင်ပါရဲ့။ ကျွန်းလှက ပြန်ခါနီးမှာ တိုင်မှီးပြီး အမေ့သားလေးကို ကူရှာပေးကြပါကွယ်လို့ ငိုပြီးပြောနေတဲ့ အမေပုကို ကျတော် ကတိပေးလိုက်တယ်။ကျတော် အင်တာနက်တင်ပြီး အတက်နိုင်ဆုံး ကူရှာပေးပါ့မယ်လို့… ဖြစ်ချင်တော့ အလုပ်က လုံးဝကိုမအားတာ ဒီလိုနဲ့ အမေပုပြန်သွားပြီး ဆယ်ရက်လောက်နေမှ ကလေးပျောက်ရှာပုံတော်ဆိုပြီး တင်ဖြစ်တယ်။ ကံကောင်းတယ်လို ပြောရမှာပဲ အဲ့ဒီပို့စ်က ပေါက်သွားတယ်။ မီဒီယာတွေကလည်း ကူညီကြတယ်။အံသြစရာကောင်းလောက်အောင် အမေပုအပေါ် မေတ္တာသက်ကြတယ်။ ဆုတွေတောင်းပေးကြတယ်။

ဖုန်းတွေလည်း ဒလဟောလာတယ်။ စိတ်မကောင်းကြောင်း စာဖက်ရင်း မျက်ရည်ကြရကြောင်း အမေ့ကို သနားကြောင်း ကလေးပျောက်တာ အမှန်လား စိတ်ကူးယဉ်ရေးထားတာလား ဖုန်းဆက်မေးကြ ပြောကြတယ်။ ဒါရိုက်တာ တစ်ယောက်ကဆို ရုပ်ရှင် ရိုက်ချင်လို့ ဇာတ်ကို ဒိထက်ညွှန်းပေးနိုင်မလား စသဖြင့် ဖုန်းတွေဆက်ကြတယ်။ အများဆုံးကတော့ မေတ္တာစိတ်နဲ့ ဆုတောင်းပေးကြတဲ့ ဖုန်းတွေပေါ့ ကျတော် မေတ္တာနဲ့တောင်းတဲဆုတွေကို ယုံတယ်ဗျ။ ခုလည်း မေတ္တာစိတ် ဂရုဏာစိတ်နဲ့ အားလုံးက ဆုတွေတောင်းပေးကြတော့ ထင်မှတ်မထားတဲ့ လုံးဝ မျှော်လင့်မထားတဲ့ ဆက်သွယ်မှုတခု ရခဲ့တယ်။

မနေ့က မနက် အိပ်ယာမနိုးခင် ဖုန်းတလုံးဝင်လာတယ်။ဟဲလို ကိုထက်လားတဲ့ ဟုတ်ပါတယ်ဆိုတော့ အကိုတို့ရှာနေတဲ့ စိုးမင်းအောင်ကို ကျတော်တွေ့ထားတယ်တဲ့။ ကျတော် မယုံရဲဘူး။တိတိကျကျပြောရရင် ကျတော်မယုံဘူး ။ ကျတော်ခံစားမိသလို ပြောရရင် စိုးမင်းအောင် သေပြီ။ နောက်ပြီး ဒီလို မသန်းစွမ်းလေးတွေက တူတက်တယ်။ခုလည်း တူတာပဲ ဖြစ်လိမ့်မယ်။ တူလို့ လိုက်သွားပြီး အမေပုသားမဟုတ်လို့ သောကတွေ အထပ်ထပ်နဲ့ ပြန်လာခဲ့ရမဲ့ အမေပုကို ကျတော် မမြင်ချင်။အမေပုကို ကျတော် ဝေဒနာတွေ မပေးရက်ပါ။ ဖုန်းဆက်တဲ့သူက တကယ့်လူငယ်လေး သူ့နံမည်က ထူးဇာနည်တဲ့ အောင်လံမြို့က ဖုန်းပြောရင်းနဲ့ ထူးဇာနည်နဲ့ ကျတော် အတော်ရင်းနှီးသွားတယ်။

အမေပုကို ဝေဒနာမပေးချင်လို့ ထူးဇာနည်ကို သေချာမှာတယ်။ကို့ညီရေ မင်းတွေ့ထားတဲသူဆီကို သွားပြီးဓာတ်ပုံရိုက်ပေးပါ။ အမှတ်အသားတွေ ရှိတဲ့ ဂုတ် ပေါင် မျက်နှာ သေချာလေးရိုက်ပေးပါလို့ ထပ်ခါ ထပ်ခါ မှားပြီး ရိုက်ခိုင်းလိုက်တယ်။ ထူးဇာနည်က လူငယ်ပီပီ ချက်ချင်းသွားတယ်။ ပုံရိုက်ပို့တယ်။ အဲ့ဒီပုံကို အမေပုသားဟုတ်မဟုတ် အမေပုကို ပြဖို့ လိုလာပြီ။ အမေပုကို ပုံပြဖို့အတွက် အမေပုတူဖြစ်သူထံကို မက်စင်ဂျာကနေ ပို့ရတယ်။ အမေပုက တောထဲနေတာ။ ကျတော် အမေပုဆီ ဖုန်းဆက်တယ်။အမေသားနဲ့တူတဲ့ သူတစ်ယောက်တော့ တွေ့ထားတယ်။ အမေ့တူဆီမှာ ပုံပို့ထားတယ် သွားကြည့်ပေးပါအူးနော် ဆိုတော့ ။ တောထဲ တောင်သူလုပ်နေတဲ့ အမေပုက သားဇောနဲ့ဆိုတော့ ဝမ်းသာတဲ့လေသံနဲ့ အခုပဲ ရွာကို ပြန်မယ်ဆိုပြီး တောထဲကနေ ရွာကို ခြေလျှင် ပြန်ပီး သွားကြည့်တယ်တဲ့။

အမေရယ် စိတ်ထဲ မကောင်းလိုက်တာ။ နှနာရီလောက် လမ်းလျှောက်ရတဲ့ခရီး ပင်ပင်နေမှာပေါ့ ဆိုတော့ ဒါ သူသွားနေကြ မပမ်းဘူးတဲ့။ ကျတော် စိုးရိမ်နေမိတယ်။ဒါလောက်ဇောစိတ်တွေနဲ့ ပြန်လာပြီး ကြည့်တဲ့ပုံထဲက လူက အမေပုသားသာမဟုတ်ခဲ့ရင် အမေငိုနေဦးမှာလား ထင်ရောင်ထင်မှားနဲ့ သူ့သားပါလို့ ပြောနေအူးမှာလား ဘာတွေ ဆက်ဖြစ်အူးမလဲ ကျတော် အတိအကျမသိ။ ဒါပေမဲ့ ဒီနေရာမှာ ကျတော့် ညီငယ် ညီမငယ်တွေကို တခုလောက် မက်ဆေ့ပေးပါရစေ။ ကျတော်တို့ ဒီနေ့မျက်မှောက်ကာလာဟာ အရှိန်တခုနဲ့ ကုန်လွယ်မြန်တဲ့ ခေတ်ကို ကျတော်တို့ ဖြတ်သန်းနေကြရတယ်။ အချိန်ဟာ သိပ်ကို ကုန်လွယ်မြန်တာ်။ ကျတော်တို့ ဘာလုပ်လုပ် အရင်အနှီးတခုခုတော့ ရင်းနှီးကြရတယ်။နောက်ဆုံးဘာမှမရင်းနှီးရတောင် အချိန်ဆိုတဲ့အရာတခုတော့ ရင်းနှီးကြတယ်။

သမန်ကာလျှံကာတွေးရင်တော့ ဘာဖြစ်လဲဗျာ ဘာကုန်တာမှတ်လို့ အချိန်ကုန်တာပဲ အေးဆေးပါလို့ ပြောစရာပါ။ မဟုတ်ဘူးဗျ။လူတယောက်ရဲ့ အချိန်ဆိုတာ အသက်ပဲ။သေခါနီးလူတယောက်က တလလောက် လူ့ဘဝမှာ ထပ်နေရရင် ကောင်းမှာပဲလို့ တွေးတာဟာ အချိန်တလလောက် ထပ်လိုချင်တယ်လို့ ပြောရမှာပဲ။ ဆိုတော့ အချိန်ဆိုတာ အသက်ပါ။ အခု ညီငယ် ညီမငယ်တို့ ဖေ့ဘုတ်စ်သုံးနေတာဟာ အချိန်ဆိုတဲ့ အသက်ကို အရင်းအနှီးတခုပြု သုံးနေရတယ်ဆိုတာ သတိချပ်ပါ။ သိပ်တန်ဖိုးကြီးတဲ့ အချိန်ကို အရင်းအနှီးပြု သုံးနေရတဲ့ ဖေ့ဘုတ်စ်ကို မိမိအလုပ်အတွက် မိမိဝါသနာအတွက် အများအတွက်ဆိုတဲ့ စိတ်နဲ့ သုံးကြပါ သုံးတက်ရင် ဖေ့ဘုတ်စ်က
တကယ်အကျိုးများပါတယ် အကြံပြုပါရစေ…။

ဆက်ပါရစေ… ရွာထဲကို အမေပုပြန်ရောက်တာနဲ့ အမေပုအမျိုးတွေ ဝမ်းသာအားရအော်ပြောကြတယ် ဒေါ်ပု ဒီတခါတော့ သေချာပြီ စိုးမင်းအောင်မှ စိုးမင်အောင် အစစ်တဲ့ ဟဲ့ ဟုတ်ရဲ့လား ပြစမ်းပါပုံ ဆိုပြီး သူ့တူဖုန်းထဲက ကျတော်ပို့ထားတဲ့ပုံကိုကြည့်ပြီး အမေပုတစ်ယောက် ဝမ်းသာလွန်းလို့ လဲကျမလိုတောင်ဖြစ်သွားတယ်လို့ အမေပု တူမတစ်ယောက်က ကျတော့်ကို ပြောပြပါတယ်။ ဒီလိုနဲ့ စိုးမင်းအောင်ရှိတဲ့ ဆီကိုသွားဖို့ ဖုန်းထဲကနေ ကျတော် အသေးစိပ်ပြောပြဖြစ်တယ်။ ဒီနေရာမှာ လူတွေအကြောင်း ကျတော်တခုလောက်ပြောချင်သေးတယ်။ တချို့သော လူတွေ အံသြစရာကောင်းလိုက်ပုံများ အမေပုကို ခုတုံးလုပ်ပြီး သားပျောက်မိခင် အမေပုအတွက် သားပျောက်ရှာပုံတော့ဖွင့်ဖို့ အလှူငွေထည့်လို့ရတယ် အလှူငွေထည့်ချင်သူများ မက်စင်ဂျာကို လာခဲ့ပါဆိုပြီး သနားတက်တဲ့ လူတွေကို ဂျင်းထည့်နေတာမျိုးတွေ တွေ့ရပြန်တယ်။

အဲ့လိုလူတွေကို ကျတော် လှမ်းပြောရပြန်တယ်။ အမေပုအတွက် လုံးဝ အလှူမခံပါလို့။ ကူလဲမကူညီနဲ့ ယူလဲမယူဘူးလို့။ အမေပုကိုလည်း မှာထားတယ် ဘယ်သူက ဘယ်လို ပြောလာ ပြောလာ အလှူခံခြင်းကို လုံးဝမလုပ်ရဘူးလို့။အမေပုကို မရစေချင်လို့မဟုတ်ဘူး။ခုတုံးလုပ် လိမ်မည့်သူတွေကို ကျတော် လက်မခံနိုင်လို့ပဲ။ အမေပုအတွက် ကျတော်ကိုယ်တိုင် အလှူခံပါတယ်လို့ လုပ်ပြီး ကူညီပေးလဲ ရတာပဲ ကျတော်မလုပ်ဘူး။အလှူခံပိုစ့် မတင်တာတောင် လှူချင်တဲ့သူတွေ ဆက်သွယ်ကြတယ်။ ကျတော် လက်မခံဖြစ်ဘူး။ ကျတော်တို့ အမေပုကို ကူညီတာက သူ့ရဲ့ဆင်းရဲမှုကို မဟုတ်ဘူး။ပျောက်သွားတဲ့ သား ပြန်တွေ့ဖို့ပဲလေ။ ထားတော့ အမေပုတို့ သွားဖို့ ပြင်ဆင်ကြပြီ။ တကယ်လဲတွေ့ပြီဆိုတော့ အမေပုတို့ တရွားလုံး အမေပုနဲ့အတူ ပျော်ကြတယ်တဲ့။

ကျွန်းတုန်းရွာထဲမှာလဲ စိုးမင်းအောင်တွေ့ပြီဆိုတဲ့သတင်းက အုပ်အော်သောင်းနင်းဖြစ်နေတယ်တဲ့။မပြေလည်တဲ့ အမေပုကို ရွာထဲက ကိုဝေလင်းခိုင်က ကားနဲ့ အခမဲ့ လိုက်ပို့ပေးတယ်တဲ့။ အမေပုတို့ ရွာက ထွက်တာနဲ့ အောင်လံမြို့က ဖုန်းတလုံး ကျတော့်ဆီ ဝင်လာတယ်။ သူ့နံမည်က ဦးဝင်းစိုးတဲ့။ ကိုထက်ရေတဲ့ စိုးမင်းအောင်တွေ့ပြီဆိုတဲ့ သတင်း သိပြီးပြီမို့လားတဲ့။အဲဗျာတဲ့ ဝမ်းသာတယ်တဲ့။စိုးမင်းအောင် က လွန်ခဲ့တဲ့ နှနှစ်ကျော်လောက်က ကျတော့်အိမ်ရှေ့က ထရန်စဖော်မာနားမှာ အားပျက်ပီး ခွေခွေလေး အိပ်နေတာ တွေတာနဲ့ အိမ်မှာခေါ်ထားပြီး (၉) လလောက် စောင့်ရှောက်ထားတာတဲ့။ရောက်လာကာစမှာ အစာရေစာ မဝမလင်းနဲ့ နေခဲ့ရလို့ထင်တယ် ပြောရဆိုရအတော်ခတ်တယ်တဲ့။

ကျတော့်မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးလေး နှစ်ယောက် ရှိပါတယ်တဲ့။ ဘယ်လိုဆိုဆို ဒုက္ခရောက်နေသူကို ကူညီမယ်ဆိုပြီး ကျတော် ကူညီခဲ့ပါတယ်တဲ့။ အောင်လံ ဘုံဆွမ်းလောင်းအသင်းမှာလည်း ဥက္ကဌ လုပ်နေရတာကတဖက် အိမ်အလုပ်တွေကတဖက်ဆိုတော့ စိတ်ချရတဲ့ ကျတော်တို့ အောင်လံမြို့က ကျောက်စရစ်ကုန်းကျောင်းတိုက်ကို ပို့ပေးလိုက်တာတဲ့။ ဆရာတော်ကလည်း ပရဟိတတွေ လုပ်နေတော့ စိုးမင်းအောင်လေးအပေါ် ဂရုဏာသက်ပြီး သေချာလေးစောင့်ရှောက်ပေးထားတယ်တဲ့။ စိုးမင်းအောင်က စကားမပြောတက်တော့ နံမည်လည်း မေးမရလို့ သူ့နံမည်ကို အောင်ကျော်လို့ ပေးထားတယ်တဲ့။ တကယ်ကို မေတ္တာကြီးတဲ့ ကျောက်စရစ်​ကုန်းကျောင်းတိုက်ဆရာတော်အား ဦးတင်ပါ၏ ဘုရား။

ဦးဝင်းစိုးကို အထူးလေးစားမိပါသည်။ ထူးဇာနည်ကို အထူ ကျေးဇူးတင်မိပါသည်။ ရှယ်ပေးကြသော မိတ်ဆွေများ မေတ္တာပို့ဆုတောင်ပေးကြသူများ မီဒီယာများအား တကယ်ကို ကျေးဇူးတင်ပါသည်။ အမေပုတို့ဟာ အောင်လံမြို့ ကျောက်စရစ်ကုန်းကျောင်းတိုက်ကို ဦးဝင်းစိုး မိတ်ဆွေများရဲ့ လမ်းပြမှုနှင့် ကျောက်စရစ်ကုန်းကျောင်းတိုက်ကို မနေ့ညက ရောက်ကြတယ်။ ကွဲကွာနေတဲ့ သားအမိနှစ်ယောက်ရဲ့ တွေ့ဆုံမှုကို အခင်းထားစောင့်ကြည့်နေတဲ့ ထူးဇာနည်ရဲ့ ပြောပြချက်အရဆို အကိုရေတဲ့ အမေပုနဲ့ စိုးမင်းအောင်တို့ ဒီည တွေ့ကြတာတဲ့ တကယ့်ရုပ်ရှင်ထဲကအတိုင်းပဲတဲ့ ဝမ်းနည်းစရားကောင်းလိုက်တာဗျာတဲ့ အမေပုက သူ့သားကို တွေ့တွေ့ချင် ပါးလေးတေ စမ်းကြည် လက်ကလေးကိုင်ကြည့် ပြီးတော့ ငါ့သား အမေ့ကိုမှတ်မိလားလိုမေးလိုမေး စိုးမင်းအောင်ကလည်း ခေါင်းညိမ့်ပြ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေနဲ့ ရောယှက်နေတဲ့ သူတို့ သားအမိကို ကြည့်ပြီး ရင်ထဲကို နင့်နေတာပဲဗျာတဲ့

သားပျောက်မိခင်နဲ့ အမေမဲ့သားတို့ကို တွေ့ဆုံအောင် အနည်းငယ်မျှ ဆောင်ရွက်ခွင့်ရလို့ ကျတော်လဲ အရမ်းပျော်တယ်ဗျာ လို့ ထူးဇာနည်က ဖုန်းဆက်ပြောလာပါတယ်။ သားအမိနှစ်ယောက်ရဲ့ စတွေ့တွေ့ခြင်း ဓာတ်ပုံလေးတွေလည်း ရသလောက်လေး ရိုက်ပြီး ထူးဇာနည်က ကျတော်ဆီ ပို့ပေးပါတယ်။ ညပိုင်းဆိုတော့ သိပ်တော့ မသဲကွဲဘူး။ ဘုန်းကြီးကျောင်းမှာ စားကောင်းသောက်ဖွယ်တွေ စားရလို့လား ဒါမှမဟုတ် ဖွံ့ဖြိုးစအရွယ်မို့လား မသိ ပျောက်သွားတဲ့ ဓာတ်ပုံထဲက စိုမင်းအောင်ထက် အခုစိုးမင်းအောင်က ပိုထွားနေတာကို ဓာတ်ပုံထဲမှာတွေ့ရတယ်။ ဟာသပြောရတာကို နှစ်သက်တဲ့ ကျတော်က ကျောက်စရစ်ကုန်းကျောင်းတိုက်ကို ရောက်နေတဲ့ အမေပုကို ဖုန်းဆက်ပြီး လှမ်းစလိုက်သေးတယ်။

အမေပုသားဟုတ်ရဲ့လားနော် မဟုတ်ပဲနဲ့ ခေါ်မသွားနဲ့ဗျ ဆိုတော့ အမေပုက ဒါ အမေ့သား မှ အမေ့သားပါကွယ်။ မွေးထားတဲ့ အ​မေပါ သိတာပတဲ့ ။ အမေပုနဲ့ စိုးမင်းအောင်တို့ဟာ ကျောက်စရစ်ကုန်း ကျောင်းဆရာတော်ကို ဝတ္ထုငွေကျပ်နှစ်သောင်းကပ်လှူ အကြိမ်းကြိမ်ဦးချပြီး အောင်လံမြို့ကနေ ကျွန်းကုန်းကျေးရွာကို ပြန်ခဲ့ကြတယ်လို့သိရပါတယ်။ မနက် ရွာကိုလည်းရောက်တော့ ရွာကလူတွေကလည်း စိုးမင်းအောင်ကို အထူးအဆန်း လာကြည့်ကြ နှုတ်ဆက်ကြနဲ့ ကျွန်းကုန်းရွာလေးဟာ ရွာထဲ အလှူရှိသလိုပဲ စည်ကားနေတယ်လို့ သိရပါတယ်။ သားပျောက်မိခင် အမေပုကတော့ ဝမ်းသာ ဝမ်းနည်း အရယ်တဝက် အငိုတဝက်နဲ့ သူ့သားကို လာနှုတ်ဆက်ကြတဲ့ ရွာသူရွာသားတွေကို ပြန်၍ နှုတ်ဆက်နေတယ်လို့ သိရပါတယ်။

အမေပုရေ အနည်းငယ်မျှ ကူညီခွင့်ရလို့ အမေ့ကို ကျတော် ကျေးဇူးတင်ပါတယ်။ လာမဲ့နှစ် ကုန်းထဲကရတဲ့သီးနှံတွေနဲ့ သားပျောက်ရှာပုံတော် ဖွင်စရာမလိုတော့ဘူး။ ဝမ်းဝအောင်စားပါ။ခါးလှအောင်ဆင်ပါ။ ကုသိုလ်ပြုပါအမေ။ အမေပျော်သလို ကျတော်တို့အားလုံး ပျော်ပါတယ် အမေ။ ဖြစ်လေရာ ဘဝအဆက်ဆက် သားပျောက်မိခင်ဘဝက နေ လွတ်ကင်းပါစေ အမေ ​ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အမေ။

ကိုထက် နေခြည်သစ် (ကျွန်းလှ) 09-403721808…….23-2-2029 … (တနင်္ဂနွေနေ့)

From Nay Chi Thit’s FB