ကို ရီးယားမှာ COVID-19 ကူးစက်သူ အယောက် ၂၀ ကျော် ၃၀ လောက်ကနေ ရက်ပိုင်းအတွင်း ဘာကြောင့် ၈၃၃ ယောက် ( ၂လပိုင်း ၂၄ရက်နေ့အထိ) ဖြစ်သွားရသလဲ?အဲ့ဒီမေးခွန်းကို ကိုယ့်ဘာသာကိုယ် ဟိုစပ်စု ဒီစပ်စု နဲ့ သိသလောက် ပြန်ပြီး ဖောက်သည်ချပြရရင်တော့ဖြင့်…

– ကိုရီးယားမှာ ရောဂါပိုး ကူးစက်သူရှိတယ်လို့ သတင်းကြားရပြီး တစ်ပတ်လောက်နေတော့ ၆ယောက် ၇ယောက်အထိ ဖြစ်လာတဲ့အချိန်ကစပြီး ညတိုင်း ၉နာရီ သတင်းနားထောင်ဖြစ်တယ် ကူးစက်သူ ဦးရေ ၂၀ကျော်လောက်အထိကို ပုံမှန် ည ၉ နာရီသတင်းအမြဲကြည့်ဖြစ်တယ် – နောက်တော့ အမေက မကြည့်ပါနဲ့တော့ ကြားရတာ ရင်တွေတုန်လို့ပါလို့ဆိုလို့ မကြည့်တော့ဘူး အဲ့နောက်ပိုင်း ရာ ဂဏန်းတွေ ကျော်ကုန်တော့တာပဲ ဒီနေ့တော့ ရှိသမျှ သတင်းဌာနတွေက သတင်း ဗွီဒီယို တွေ အကုန်လိုက်ရှာကြည့်တယ်။ ကိုယ် စပ်စုလို့ရသလောက် ပြန်ပြီး ပြောပြမယ်။ (ဤတွင် နိဒါန်း တစ်ခန်းရပ်)

– အယောက် ၃၀ မြောက် ကူးစက်သူ က နေမကောင်းလို့ အရေးပေါ်ကို သွားပြတော့ virus ကူးစက်နေတယ်ဆိုတာကို သိရတယ် ( အဲ့ဒီ ဆေးရုံရဲ့အရေးပေါ်ဌာနလည်းပိတ်လိုက်ပြီ) နောက်တော့ တရုတ်၊ ထိုင်း၊ဂျပန်၊စင်ကာပူ၊ သွားခဲ့သလားလို့မေးတော့ ဘယ်မှမသွားဘူး လူမှူရေးအသင်းက ဝေတဲ့ ထမင်းဘူးပဲ စားနေတဲ့သူလို့ပြောတယ်။ ( အလုပ်မလုပ်နိုင်လို့ ဝင်ငွေမရှိတော့တဲ့ သက်ကြီးရွယ်အိုတွေ စားရေးသောက်ရေးအတွက် ပုံမှန် ထမင်းဘူး ဝေ ပေးနေတဲ့ လူမှူရေးအသင်းတွေရှိပါတယ်) အဲ့ဒါဆို ဘယ်ကနေ ကူးစက်သလဲဆိုတာကို အ‌‌ဖြေရှာဖို့ မိန်းမဖြစ်သူကိုပါ စစ်တယ်။

– မိန်းမဖြစ်သူပါ virus ရှိနေတာကို တွေ့ရတယ် ၃၁ ယောက်မြောက် ကူးစက်သူ လူနာအဖြစ်သတ်မှတ်လိုက်တယ်။ – ၃၁ ယောက်မြောက် ကူးစက်သူ ဘယ်တွေ သွားခဲ့လဲဆိုတာကို စစ်လိုက်တဲ့အခါ ဘုရားကျောင်းသွားခဲ့တာကို တွေ့ရတယ် (ရှင်းချောင်းဂျီ ဘုရားကျောင်းပါ) -၃၁ ယောက်မြောက် ကူးစက်သူနဲ့ အတူတူ ဘုရားကျောင်းတက်တဲ့သူ ၁၅ ယောက်ကို စစ်တော့ အကုန်လုံး virus ကူးစက်နေတယ်။ – ၃၁ ယောက်မြောက် ကူးစက်သူနဲ့ တချိန်ထဲ တခန်းထဲ ဘုရားကျောင်းတက်တဲ့သူ အရေအတွက်က ၁၀၀၁ ယောက် အဲ့ဒီအထဲက ၄၀၀ လောက်က ဆေးစစ်ဖို့ ငြင်းဆန်နေတယ် ။ ( ၃၁ ယောက်မြောက်လည်း အစက ဆေးစစ်ဖို့ ငြင်းဆန်ခဲ့ပါတယ်)ဘာကြောင့် ဆေးစစ်ဖို့ ငြင်းရတယ်ဆိုတဲ့အကြောင်းအပြောခင် ရှင်းချောင်းဂျီ ဘုရားကျောင်း အကြောင်းကို အရင်ပြောချင်ပါတယ်

ရှင်းချောင်းဂျီ ဘုရား‌ကျောင်း

အဲ့ဒီ ဘုရားကျောင်းက ဘုရားဝတ်ပြုကျောင်းဆိုတာထက် ဂိုဏ်း အဖွဲ့အစည်းလိုမျိုးဖြစ်နေတာပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ ဘုရားကျောင်းထဲဝင်လိုက်တာနဲ့ ဒီ ရှင်းချောင်းဂျီ ဘုရားကျောင်းတက်နေတယ်ဆိုတာ မိသားစုကို အသိမပေးရဆိုပြီး ဖော်ပြထားပါတယ်။နောက်ပြီး ပုံမှန် ဘုရားကျောင်းတွေလို ထိုင်ခုံ‌တွေ မရှိပါဘူး ကြမ်းပြင်မှာ ထိုင်ရတာပါ။ တူညီ ဝတ်စုံ ဝတ်ရပါတယ် အပေါ်ဖြူ အောက်အနက် ထိုင်ရင်လည်း မိန်းမ သပ်သပ် ယောင်္ကျားသပ်သပ် ထိုင်ရပါတယ်။ (အတိုချုပ်ပဲ ပြောပါမယ် ၁၂မိနစ်စာလောက် အသေးစိတ်ပြောပြထားတဲ့ သတင်းဗွီဒီယို ထဲက အဓိက အချက်တွေကိုပဲ ရွေးပြီး ပြောပြပါမယ်) တစ်ပတ်မှာ ၂ရက် ဗုဒ္ဓဟူးနေ့နဲ့ တနင်္ဂနွေနေ့ က ဘု‌ရားကျောင်း မတက်မဖြစ် တက်ရပါတယ်။ တနင်္ဂနွေနေ့ဆို ဘုရားကျောင်း ၉ထပ်လုံး ဖွင့်ထားပါတယ်။ တစ်ထပ်မှာ လူအယောက် ၅၀၀၀ လောက်ရှိပါတယ် (ပြွတ်သိပ်ပူးကပ်ပြီး ကြမ်းပြင်မှာ ထိုင်ရတဲ့အတွက် အဲ့လောက် ဆံ့ပါတယ် ဟောခန်းမ အကျယ်ကြီးပါ)

၂လပိုင်း ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ပွဲလုပ်ပါတယ် ။ ဘာပွဲလဲ ဘာကြောင့် လုပ်ရသလဲဆိုရင်တော့ 🚨🚨၂၀၁၉ ခုနှစ်မှာ တရုတ်ပြည် ဝူဟန်မှာ သာဿနာပြန့်ပွားဖို့အတွက် ၁၀ လတာ သင်တန်းပို့ချခဲ့ပါတယ် အဲ့ဒီသင်တန်းမှာ လူယောက်ပေါင်း ၁သောင်းကျော် တက်ရောက်ခဲ့တဲ့အတွက် ပွဲလုပ်တာပါ။ ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့သာမက ကျန်တဲ့ ၁၁ နေရာက သူတွေအကုန် လာပြီး တက်ရောက်ကြပါတယ်။ 🚨🚨 ကိုရီးယား အစိုးရက တရုတ်ပြည် ဝူဟန်က ပြန်လာခဲ့တဲ့သူတွေအကုန် အကြောင်းကြားပါ ဆေးစစ်ပါ လို့ သတိပေးနေတာကို လုံးဝ မပြောခဲ့ပါဘူး website မှာ တင်ထားတဲ့ ပို့စ်ကိုလည်း ဖြတ်ပစ်လိုက်ပါတယ်။ 🚨🚨 🚨🚨ဆေးစစ်ဖို့ကို ဘာကြောင့် ငြင်းရလဲဆိုတာကတော့ နေမကောင်းဖြစ်တာဟာ အပြစ်ကြွေးကို ဆပ်တာပါ ဆိုပြီး ရှင်းချောင်းဂျီ ဘုရားကျောင်းက ဟောကြားထားတာ ဖြစ်တဲ့အတွက် ဒါဟာ virus ကူးတာမဟုတ်ဘူး အပြစ်ကြွေးဆပ်နေတာပါဆိုပြီး ဆေးစစ်မခံပါဘူး ထွက်ပြေးနေပါတယ်။ 🚨🚨

🚨🚨 အခုဆို ကိုရီးယား အစိုးရက လိုက်ရှာပြီး ဖမ်းနေပါတယ် ရှင်းချောင်းဂျီ ဘုရားကျောင်း မတက်ခဲ့ပါဘူးလို့ လိမ်ရင် ထောင်ဒဏ် ၂နှစ် အဖြစ် သတ်မှတ်ထားပါတယ်🚨🚨 Edit – 🚨🚨 ဆေးစစ်မခံရင် ဒဏ်ငွေ သိန်း ၃၀ ဆိုပြီး သတ်မှတ်လိုက်ပါတယ်။ 🚨🚨 – အဲ့ထဲမှာ သနားစရာအကောင်းဆုံးက ကလေးတွေပါ ဘူဖျောင်းမှာ တွေ့တဲ့ ကူးစက်သူ မိန်းမက ရှင်းချောင်းဂျီ ပွဲ ၄ ပွဲ တက်ခဲ့တဲ့အပြင် မင်္ဂလာဆောင်ပွဲလည်း တက်ခဲ့ပါတယ်။ မင်္ဂလာဆောင်လာတဲ့သူတွေထဲမှာ အသက် ၄ နှစ် ကလေးနဲ့ ၁၆လသား ကလေးက အခုဆို ‌virus ကူးစက်ခံနေရပါတယ်။

– စစ်ထဲဝင်နေတဲ့ကောင်လေး ခွင့်ရလို့ ရည်းစားကို လာတွေ့တာ ရည်းစားက ရှင်းချောင်းဂျီ ကလူဖြစ်နေတော့ အဲ့ဒီ စစ်သားလေး‌လည်း ကူးစက်နေပါတယ်။ – ၃၁ ယောက်မြောက် ကူးစက်သူကနေစပြီး နောက်ပိုင်း ကူးစက်သူတွေ အကုန် ရှင်းချောင်းဂျီ နဲ့ ဆက်နွယ်သူတွေပါ။ – သေဆုံးသွားသူတွေဟာ အဆုတ်ရောဂါ ရှိသူတွေနဲ့ နဂို ရောဂါ အခံရှိသူတွေပါ။ 🚨🚨 Mask တပ်ပါ လက်ဆေးပါ 🚨🚨 အဝတ် mask မတပ်ပါနဲ့ တစ်ရက်တပ်ပြီး လွှင့်ပစ်ပါ ပြန်မသုံးပါနဲ့ ဒီလောက်ပါပဲ 😁

From Sophia Su’s FB