ရေထဲ မှာ သပိတ်လေးက ငါးလေးတွေနဲ့ လှေခါးထစ်တိုင်နားမှာ သုံးကြိမ်လောက်လည်နေ လို့ကြည့်လိုက်မိသောအခါ

အ ရမ်း ဝမ်း သာ ပြီး အံ သြ နေ လို့ မ နေ့ က ည အထိ ကို စာ မ တင် နိုင် ခဲ့ ပါ ဘူး ။

20.2.2020 ကျိုက် ခ မီ ရေ လယ် ဘု ရား မှာ မနက်ဆယ် နာ ရီ တိတိ အဓိဌာန် အောင် ပွဲ ဆွမ်း ကပ် ရင်း န ဂါး မယ် တော် ကို လည်း နို့ ပေါက် ပေါက် ဆွမ်း ကပ် ရင်း အ ပြီး မှာ

ရှင် ဥပ်ပဂုတ် ကို လည်း သ ပိတ် ဆွမ်း ကပ် ချင် စိတ် ပေါ် လာ တာ နဲ့ သစ် သီး ဆွမ်းတော် ပွဲ မှာ ပြီး သ ပိတ် လေး နဲ့ အမွေး တိုင် ဖယောင်း တိုင် ထွန်း လို့ ရေ ထဲ မျော ချ ပါ တယ် ။

လေ က အ ရမ်း တိုက် နေတာ မို့ ဖ ယောင်း တိုင် ကို လူ နဲ့ ကွယ် ပြီး မနည်း ထွန်း ခဲ့ ရ ပါ တယ် ။

ပြီး တော့ ငါး စာ ကျွေး တဲ့ နေ ရာ က လှေ ခါး ထစ် တွေ အောက် ဆုံး ထိ ဆင်း ပြီး သံ လွင် မြစ် ရေ ထဲ ချ ရ တာ ပါ ။

စိတ် က ရည် မှန်း ပြီး အ ရှင် ဘုရား တပည့် တော် ဆွမ်း ကပ် ချင် လို့ ပါ ဘု ရား.. လက် ခံ ပေး တော် မူ ပါ ။

ဆွမ်း တော် ကို သုံး ဆောင် ပေး တော် မူ ပါ ။ ဘု ရား ရှိ ရာ ကို ဆွမ်း သ ပိတ် လေး ဆိုက် ရောက် ခွင့် ပေး ပါ ။ သန့် စင် သော ဆွမ်း ဒါ န ကို လက် ခံ သုံး ဆောင် ပေး ပါ ။ အ လှူ ဒါ န ကို သာ ဓု ခေါ် ပေး ပါ ။

တ ပည့် တော် ကို လည်း စောင့် ရှောက် ပေး တော် မူ ပါ ။ နိဗာန် ရောက် တဲ့ အ ထောက် အ ပံ လေး ဖြစ် ချင် လို့ ဆွမ်း လက် ခံ ပေး တော် မူ ပါ လို့ ပြော တတ် သ လို ပြော လိုက် ပြီး ရေ ထဲ ချ လိုက် တာ ပါ ဘဲ ။

ရေထဲ မှာ သ ပိတ် လေး က ငါး လေး တွေ နဲ့ လှေ ခါး ထစ် တိုင် နား မှာ သုံး ကြိမ် လောက် လည် နေ တယ် ။ တိုင် ကို ထိ လိုက် ပြန် ခွာ လိုက် နဲ့ သုံး ကြိမ် လည် နေ တယ် ။မီး တိုင် က မ ငြိမ်းတော့ ကြည့် ကောင်းကောင်း နဲ့ ထိုင် ကြည့် နေ မိတယ် ။ငါးစာ ကျွေးနေ တဲ့ လူ တွေ လည်း ရှိ တော့ ငေး လိုက် ပုံ ရိုက် လိုက် လုပ် နေ မိတယ် ။

အဲ့ သည် အ ချိန် ထိ ရဖျင် ဥ ပဂုတ် ကိုယ် တော် ကျောင်း ဆောင် ရှိ တာကို မ မြင် မိ ဘူး ။ ရေ ထဲ မှာ ရှိ တယ် ဆို တဲ့ အ သိ နဲ့ ဘဲ ဆွမ်းကပ် နေတာ ဘဲ ။ လူ တွေ နဲ့ ဓာတ် ပုံ ရိုက် လိုက် မီး မ ငြိမ်း တဲ့ သ ပိတ် လေး ကို ရိုက် လိုက် နဲ့ ပျော် နေ မိ တယ် ။

ပုံ ရိုက် နေ ရင်းသပိတ် လေး က ရေ ဆန် ကို တည့်  တည့် တက် နေ တယ် ဟ လို့ ဘေးက လူ ကြီး တစ် ယောက် အော် လို့ ကြည့် မိတော့ မှ သ ပိတ် လေး ရွေ့ နေ တဲ့ လမ်း ကြောင်း အ ဝေး က ပေ လေးရာ လောက် မှာ ရှင် ဥ ပ ဂုတ် ကိုယ် တော် သီ တင်း သုံး တဲ့ ကျောင်း ဆောင် ကြီး ကို မြင် လိုက် ရ တော့ တယ် ။

အ ရမ်း အံ သြ လို့ တ ဖက် အ ဆောင် ကို ပြေး ကြည့် မိတော့ အဲ့ သည် ဖက် မှာ လည်း လှေ ခါး လေး ရှိ နေတယ် ။ တ ကယ် သ ပိတ် ချ ရ မှာက အဲ့ သည် နေ ရာ က တဲ့.အဲ့ နေရာ ကနေဆို ကိုယ် တော် အ ဆောင် နဲ့ ပေနှစ် ရာ လောက် ဘဲ ဝေး တယ် ။ လူ တွေ က သ ပိတ် လေး ရွေ့ နေတာအော် ကြ ကြည့် ကြ ဖြစ် ကုန် ကြ တယ် ။

ဆွမ်း တော် သ ပိတ် လေး က ရေ ဆန် ကို တည့် တည့် ကြီး ဖြတ် ပြီး ဆန်တက် ပြီး အ ရှင် ဘု ရားကျောင်း ဆေါ င် အ ရှေ့ ကို သွား နေ တယ် ။

အံ့  သြ လွန်း လို့ လူ တွေ က အော် ကြ လက် ခုပ် တီးကြ တယ် ။

ဂျပန် လူ မျိုး တွေ ကလည်း ကိုယ့် အ နား လာပြီး ကွန် ဂ ရယ် ကျူ လေး ရှင်း လုပ် ကြတယ် ။
သပိတ် လေး က သွား နေ တုန်း ဘဲ ။

မီး လည်း မ ငြိမ်း ဘူး ။

ရေ လည်း မ မြှပ် ဘူး ။

ဂျပန် တစ် ယောက် က လာ ပြော တယ် ။

သည်လှိုင်း နဲ့ ဆို သည် ခွက် က မြှုပ် ရ မယ် ။ သည် လေ နဲ့ ဆို သည် မီး က ငြိမ်း ရ မယ် ။ အ ခု ခွက် လည်း မ မြှုပ် ဘူး ။ မီး လည်း မ ငြိမ်း ဘူး ။ သိပ် ထူး ဆန်း တာ ဘဲ ။ တန် ခိုး ကြီး တယ် ။

ဘဝ မှာ ပထမ ဆုံး မြင် ဘူး ခြင်း ဘဲ တဲ့ ။ ကိုယ့် လက် ကို ဆွဲ ပြီး နုတ် ဆက် တယ် ။

စ ကား ပြန် က လည်း ကြက် သီး တွေ ထ လိုက် တာ အမ ရယ် ..အံ သြ လိုက် တာ.ဝမ်း သာ လိုက် တာ တဲ့ ။ မျက် ရည် တောင် လည် တယ် တဲ့ ။

ဘု ရား စေါင်း တန်း အပေါ် ဖက် က ကြည့် နေ သူတွေ က လည်း လပ် ခုပ် တီး ကြ လက် မ တွေ ထောင်ပြကြ တယ် ။

ကိုယ် လည်း တုန် လှုပ် နေတယ် ၊ ဝမ်း သာ လွန်း လို့ ဘာ ပြောရ မှန်း ကို မ သိ ဘူး ဖြစ် နေတယ် ။

ဆွမ်း သ ပိတ် လေး ဟာ ရေ ထဲ မှာ မီး မ ငြိမ်း ဘဲ ပတ် နေ တယ် ။ ကျောင်း ဆောင် ကို တစ် ပတ် နီး ပါး ပတ် ပြီး မှ ရေ ထဲ မြှုပ် သွား တော့ တယ်။

လူ တွေ အား လုံး အံ သြ နေ ကြတယ် ။

အ ရမ်းထူး ဆန်း လို့ ဗွီ ဒီ ယို လည်း ရိုက် လာ ပါ တယ် ။ အော် ဟစ် နေ တဲ့ အ သံ တွေ 😁ပါ လို့ မတင် တော့ ပါ ဘူး ။ 😁

အား လုံး ကို အမျှ အမျှ အမျှ ပေး ပါ တယ် ။

သာ ဓု ခေါ် ပေး ကြပါ နော် ။

ကျမ တော့ အ ရမ်း ဝမ်း သာ နေ လို့ ဘာ ပြော ရ မှန်းမသိအောင် ပါ ဘဲ ၊ ဘာ ဆု မှ တော့ ထွေ ထွေ ထူး ထူး မ တောင်း ဖြစ် ပါ ဘူး ။

ခု လို ဆွမ်း ကပ် ခွင့် ရ ခဲ့ တာ ကို ဘဲ ကျေ နပ် လှ ပါ ပြီ ။

ပုံ လေး တွေ သေ ချာ ကြည့် ပြီး သာဓု ခေါ် ပေး ကြ ပါ နော် ။ ခု ထိ အိမ် မက် မက် နေ သ လို ပါ ဘဲ ။

အ ရမ်း လည်းပျော် ပါ တယ် ။

Credit

Pa Pa Lin Wai fb