ပရိ သတ်တွေရဲ့ အချစ်တော်မော်ဒယ်လ်မလေး သန္တာဗိုလ်ကတော့ လတ်တလောမှာ မင်းသမီး လှမျိုးသဉ္ဇာနွယ်ရဲ့ အကောင့်အဟက်ခံထားတဲ့ အကြောင်းကို ပရိသတ်တွေသိရှိရအောင်အသိပေးပြောကြားလာခဲ့ပါတယ်။ဟတ်ကာကတော့ သန္တာဗိုလ်ရဲ့ အကောင့်ကိုပါ ဟက်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး သန္တာဗိုလ်ကတော့ ပါးနပ်တဲ့သူဖြစ်တာကြောင့် ဟက်ကာရဲ့လှည့်စားတာကိုမခံခဲ့ရဘဲ ကျန်တဲ့သူတွေကိုပါ အသိပေးပြောကြားလာခဲ့တာဖြစ်ပါတယ်။

“Ma Hla Myo Thinzar Nwe acc hack ခံထားရပါတယ် ဘိုရစ်အကောင့်ကိုလည်းယူဖို့အတွက် ဒီလိုစာတွေလာပို့ပါတယ် တော်သေးတာပေါ့ ကိုယ်ကအတွေ့အကြုံရှိတော့ ဒီလိုပို့ရင်ဒါပုံမှန်မဟုတ်ဘူးဆိုတာသိလို့ အဲဒါကြောင့်မသိချင်ယောင်ဆောင်ပြီးပြန်ပြောပေးလိုက်တယ်။ မလှမျိုးနဲ့လည်းဖုန်းပြောပြီးပါပြီ သူ့အကောင့်နဲ့ ဒီနေ့ အနုပညာရှင်တော်တော်များကိုအဲ့လိုတွေလိုက်ပို့နေပါတယ်တဲ့ အားလုံးသတိထားကြပါ”ဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်။လှမျိုးသဉ္ဇာနွယ် အကောင့်နဲ့ Fri ဖြစ်တဲ့ သူတွေကိုလည်း အကောင့် Report ထုပေးဖို့တောင်းဆိုထားပါသေးတယ်။

အကောင့်ဟက်တဲ့ ဟက်ကာကိုလည်း “အကောင့်ဟက်တဲ့ဟာတွေရေ ပိုက်ဆံရှာချင်ရင်တခြားနည်းနဲ့ရှာပါလားဟင် ဒီအလုပ်ပဲရှိလို့လား? သူများတွေကိုစိတ်ဒုက္ခမပေးကြပါနဲ့”လို့လည်း သန္တာဗိုလ်ကတောင်းဆိုထားပါသေးတယ်။CeleGabar ပရိသတ်ကြီး ပရိသတ်တွေကိုလည်း ဒီလိုစာမျိုးတွေလာပို့ရင်သတိထားလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleGabar
Source – Thandar Bo