စစ် ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကမ်းနားလမ်းနှင့် ကန်သာယာဝန်းကျင် နေရာများတွင် ညအချိန်မတော် တွေ့ဆုံ နေကြသည့် စုံတွဲများအား မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ လိုက်လံ၍ အသိပညာပေး ဟောပြောလျက်ရှိကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်ထံမှ သိရသည်အမှောင်ထုကို အားပြုပြီး တွေ့ဆုံနေကြတဲ့ စုံတွဲဆိုတာ ပြဿနာကို လက်ရပ်ခေါ်သလိုမျိုးဖြစ်တယ်..၊ သားသမီးချင်း စာနာစွာနဲ့ အသိပညာပေး ဟောပြောတာပါ “ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်မှ ပြောသည်မုံရွာမြို့၏ ညအချိန်များတွင် ကန္နားလမ်းနှင့် ကန်သာယာ အနီးဝန်းကျင် နေရာများတွင် အမှောင်ထုကို အားပြု၍ လူငယ်စုံတွဲများ ချိန်းဆိုတွေ့ဆုံလျက်ရှိကြသည်။ ထို့ကြောင့် လူပျောက်မှုနှင့် လုယက်မှုများ ဖြစ်ပွား မလာစေရန် ရဲတပ်ဖွဲ့မှ အသိပညာပေး လိုက်လံ ဟောပြောနေခြင်းဖြစ်သည်။

ထို့အပြင် အများပြည်သူ သွားလာလျက်ရှိသော နေရာများတွင် အုပ်စုဖွဲ့ အရက်သောသူများကိုလဲ အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်စုံတွဲများကို ပစ်မှတ်ထား၍ လုယက်သူ လူငယ် အယောက် (၂၀) ကျော်ကို ပြီးခဲ့သည့် လက ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း – ကိုတိုးကြီး (မုံရွာ)