အ သံအေးအေးလေး နဲ့ သီချင်းကောင်းတွေကို သီဆိုရင်း အောင်မြင်နေတဲ့ အဆိုတော် ချမ်းချမ်းဟာ အခုဆိုရင် သမီးလေးနဲ့အတူ single mother အဖြစ်ရပ်တည်နေတာ ဖြစ်ပါတယ်။

ဘုဏ်းသိုက်နဲ့ ကတော့ ၂၀၁၃ မှာ လက်ထပ်ခဲ့ပြီး ၂၀၁၇ မှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်ဆဲ ခဲ့ကြတာ ဖြစ်ပါတယ်။

သမီးလေးတစ်ယောက် လည်း ရှိနေခဲ့တဲ့အတွက် မိဘနှစ်ပါးကတော့ အလှည့်ကျ သမီးလေးကို ပြုစုစောင့်ရှောက်ပေးနေခဲ့တာပါ။

မကြာသေးခင်က သမီးလေး ရဲ့ မွေးနေ့ပွဲကိုလည်း ခင်ပွန်းဟောင်း ဘုဏ်းသိုက်နဲ့အတူ မိသားစု လိုက် ပျော်ရွင်စွာကျင်းပခဲ့ပါသေးတယ်။

အဆိုပါ မွေးနေ့ပွဲက ပုံရိပ်လေးတွေကြောင့် ခင်ပွန်းဟောင်းနဲ့ ပြန်အဆင်ပြေပြီး လက်တွဲတော့မလားဆိုတဲ့ မေးခွန်းတွေလည်း ရှိခဲ့ပါတယ်။

ပရိတ်သတ်တွေ သိချင်နေတဲ့ ခင်ပွန်းဟောင်း ဘုဏ်းသိုက် နဲ့ သူမရဲ့ ဆက်ဆံရေး ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပါ။

သူမပြောခဲ့တာကတော့ ” လက်ရှိမှာ သူငယ်ချင်းတွေ အဖြစ် ဆက်လက် ခင်မင်နေပြီး သမီးလေးရဲ့ မွေးနေ့ပွဲမှာ နှစ်ယောက်လုံး အလုပ်တွေ အားလပ်နေတဲ့အတွက် အတူတူ ကျင်းပဖြစ်တာပါ။

ရန်သူတွေလည်း မဟုတ်ပဲ တစ်ယောက်နဲ့ တစ်ယောက် ချစ်လို့ ယူခဲ့ပြီး သမီးလေးတောင်ယူခဲ့ ပြီးပြီ။ သမီးလေးအတွက် သူက အခုထိ အရေးပါနေတဲ့ သူပါ။

နောက်လည်း သမီးလေး ဘွဲ့ယူတာမျိုး မင်္ဂလာဆောင်တာမျိုး သမီးအတွက် လိုအပ်တာမှန်သမျှကို အတူတူ လုပ်ပေးမယ် ဒီလောက်ပါပဲ ” ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးလည်း အဆိုတော် ချမ်းချမ်းရဲ့ ခံယူချက်နဲ့ ပက်သက်ပြီး မှတ်ချက်လေး ပေးခဲ့ပါဦးနော်။ အားပေးကြတဲ့ ပရိတ်သတ် တစ်ယောက်စီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။