ပ ရိသတ် ရဲ့ရင်ထဲမှာ နေရာတစ်ခုရလာပြီဖြစ်တဲ့ဖြူဖြူထွေးကတော့ အနုပညာအလုပ်တွေမရပ်မနားလုပ်နေရင်းပဲ ရုက္ခဗေဒဘွဲ့တစ်ခုယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ကတော့ သူ့ရဲ့ဘွဲ့အစမ်းယူတဲ့နေ့လေးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ယူခဲ့တာပါ။

ဖြူဖြူထွေး ကတော့ ပရိသတ်ကိုရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟာသဉာဏ်ရှိတဲ့အပြင် တောရွာမှာကြီးပြင်းခဲ့သူပီပီ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတတ်တာကြောင့် ပရိသတ်တွေက ချစ်ခင်နေရသူတစ်ယောက်ပါ။ လက်ရှိအချိန်မှာတော့ ကြော်ငြာပေါင်းများစွာကို ဆက်တိုက်ရိုက်ကူးနေရတဲ့အပြင် သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးနေပြီဖြစ်ပါတယ်။ ရိုးသားတဲ့ဂုဏ်လေးနဲ့ ပရိသတ်တွေအပေါ်မှာထားတဲ့ မေတ္တာ၊စေတနာတွေကြောင့် အချိန်တိုအတွင်းအောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိလာသူတစ်ယောက်လို့ ဆိုရင်လည်း မမှားပါဘူး။

လက် ရှိအချိန်မှာတော့ အနုပညာကြေးလေးတွေနဲ့ မိဘကိုလုပ်ကျွေးနိုင်နေပြီဖြစ်တဲ့အပြင် အလုပ်တွေမအားလပ်တဲ့ကြားထဲကပဲ မိဘတွေဂုဏ်ယူနိုင်ဖို့ ဘွဲ့တစ်ခုရအောင်ကြိုးစားနိုင်ခဲ့ပြီမို့ ဝမ်းသာဂုဏ်ယူစရာပါပဲနော်။ ဒီနေ့လေးကတော့ ဖြူဖြူထွေးရဲ့ပျော်ရွှင်ရဆုံးနေ့လေးထဲက တစ်နေ့ဖြစ်တာမို့ ပရိသတ်ကြီးအတွက်လည်း အပျော်တွေကူးစက်အောင် မျှဝေပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe,CRD-Cele Gabar