နိုင် ငံကျော် တေးရေး၊တေးဆို Rapper အဆိုတော်တစ်ဦးဖြစ်တဲ့ G-Fatt ကတော့ သူ့ရဲ့နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ မြို့ပြရဲ့အဝေးသီချင်း MTV ကိုတော့ မီးပုံးပျံကြီးစီးပြီး ရိုက်ကူးခဲ့တဲ့အကြောင်းကို ” ကျွန်တော့်ရဲ့ မြို့ပြရဲ့အဝေး MV ရိုက်ကူးရေးအတွက် Oriental Ballooing မှ စေတနာဖြင့် ပါဝင်ကူညီပေးခဲ့ပါတယ် Oriental Ballooing ဒီ့ထက်မက အများကြီးအောင်မြင်ပါစေ ခင်ဗျာ

မိတ်ဆွေတို့ အင်းလေးသွားလည်တဲ့အခါ အင်းလေးကန်ကြီးနဲ့ မြို့ အလှတွေ ကို အပေါ်စီးက ခံစားဖို့ Oriental Ballooing ကို ဆက်သွယ် လိုက်ဗျာ ဈေးလဲ သင့်တယ် (သူငယ်ချင်းတွေ စုပြီးသွားစီးရင် လျော့ပေးသေးတယ် ) ဝန်ဆောင်မှုလဲရှယ်မိုက် ဆောင်းတွင်းသာ သွားစီးရင် Very Good ပဲ ဗျို့”လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ G-Fatt ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ မြို့ပြရဲ့အဝေး သီချင်းကတော့ သူ့ရဲ့ပထမဆုံးသော တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ဂျင် ဆိုတဲ့အခွေထဲမှာပါဝင်ခဲ့တာဖြစ်ပြီး ဒီတေးစီရီးထွက်ရှိခဲ့တာဟာဆိုရင်လည်း (၄)နှစ်ကျော်လာပြီလည်းဖြစ်ပါတယ်။ သူဟာ ဒီသီချင်း MTV ကိုတော့ သူငယ်ချင်းတွေနဲ့အတူတူ ခရီးထွက်တဲ့ပုံစံမျိုးနဲ့ မြန်မာနိုင်ငံရဲ့နာမည်ကြီးတဲ့ အထင်ကရနေရာတွေရော လူသိပ်မသိသေးတဲ့နေရာတွေမှာပါ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်ဒိတ်ဒိတ်ကြဲအဆိုတော် G-Fatt ကတော့ သူ့ရဲ့ပထမဆုံးသော တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ဂျင် ဆိုတဲ့အခွေထဲမှာ ပါဝင်တဲ့ သူ့ရဲ့နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ မြို့ပြရဲ့အဝေးသီချင်း MTV ကိုတော့ မီးပုံးပျံကြီးစီးပြီး ရိုက်ကူးခဲ့တာတဲ့နော်။ ပရိသတ်ကြီးရေ မြို့ပြရဲ့အဝေးသီချင်း MTV ကတော့ ဘယ်လိုပုံစံတွေလာမလည်းဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားနေပါပြီနော်။

Source: G Fatt
DarDar-CeleGabar