အနု ပညာနယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့ ဆယ်လီ အိမ်ထောင်ရှင်စုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါနော်..။ ချစ်စရာကောင်းတဲ့ မင်းသမီးရွှေမှုံနဲ့ ခန့်ချောတဲ့ ရွှေထူးတို့အတွဲလေးဟာ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တဲ့ အတွဲလေးတစ်တွဲပဲဖြစ်ပါတယ်..။ နှစ်ယောက်စလုံးဟာ အနုပညာနဲ့ပတ်သက်ရင် ဘယ်ကဏ္ဍကမဆို ကျွမ်းကျင်တဲ့ သူတွေလို့ဆိုရင်မှားမယ် မထင်ပါဘူး…။

အမြဲတမ်း ပရိသတ်တွေ အားကျအောင် အချစ်တွေပိုကာ ရိုမန့်တစ်ဆန်တတ်တဲ့ အတွဲလေးတစ်တွဲလည်း ဖြစ်ပါတယ်..ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှာ ကျင်းပခဲ့တဲ့ Myanmar Top 100 by JQOX ရဲ့ ပွဲကြီးမှာ ရွှေထူးကတော့ JOOX Top Artist of the Year Awards ဆုကို ရရှိခဲ့ပါတယ်..။ တစ်နှစ်တာလုံး လူကြိုက်အများဆုံး အနုပညာရှင်အနေနဲ့ ဆုကို ရရှိခဲ့တာဖြစ်ပြီး ဆုကို ရရှိခဲ့တဲ့နောက် ပျော်ရွှင်နေတဲ့ မိန်းမဖြစ်သူရဲ့ ပုံလေးနဲ့အတူ “Brand တွေလည်း ပေးမယ်…ပိုက်ဆံတွေလည်း ပေးမယ်…ထူးချွန်ဆုတွေလည်းပေးမယ်..ဘဝကြီးလည်း ပေးတယ်… ပြန်လိုချင်တာတော့ မင်းဆီက အချစ်တစ်ခုတည်းပါ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ပိုစ့်လေးရဲ့ အောက်မှာတော့ “ကျွန်မကလည်း အချစ်တွေ ပြန်ပေးမှာပါနော်.. အရမ်းပြောတတ်သော ကလေးငယ်..” ဆိုပြီး ရွှေမှုံလေးက ပြန်မှတ်ချက်လေးတွေပေးကာ ရိုနေကြတာပါ ပရိသတ်ကြီးရေ..။ ပရိသတ်ကြီးလည်း တစ်နှစ်တာလူကြိုက်အများဆုံးဆုကို ရရှိခဲ့တဲ့ ရွှေထူးအတွက် ဂုဏ်ပြုစကားလေးပြောပေးသွားပါဦးနော်..။

Credit