LPG ဂတ်စ် အိုးတွေကို အခုလို လှဲပြီးသယ်လာတာမြင်တိုင်း တော်တော်ရင်မောမိတယ်။ အရင်ကတော့ ဆိုင်ကယ်၊ စက်ဘီး၊ဆိုက်ကားတွေမှာဘဲ တစ်အိုးလောက်တွေ့ဖူးပါတယ်။ အခုတော့အားရပါးရ အိုးအများကြီးကို လှဲသယ်လာတာပါဘဲ။

အိုး အလွတ်ဘဲဖြစ်နေပါစေ၊ လှဲပြီး (horizontal) မသယ်ရ၊ ပြောင်းပြန် (upside down) မသယ်ရဆိုတာ နိုင်ငံတကာကအနိမ့်ဆုံး safety standard ပါ။ မတော်တဆ valve တွေက gas pressure ကိုမခံနိုင်ဘဲ ယိုဖိတ်(leak) ဖြစ်တာ၊ pressure နဲ့ ကန်ထွက်နိုင်လို့ပါဘဲ။

အခုသယ်တဲ့နေရာက လူတအားထူထပ်၊ အရေးပေါ်မတော်တဆဖြစ်ရင် ဝင်ထွက်ရခက်တဲ့ စမ်းချောင်းမှာဖြစ်တော့ပိုအန္တရာယ်များပါတယ်။

ခရက်ဒစ်