ရွှေပြ ည်သာမြို့နယ်တွင် အရွယ်မရောက်သေးသည့် မိန်းကလေးနှင့်အတူ ရုပ်ရှင်ကြည်၍အပြန်တွင် သားမယားအဖြစ်ပြုကျင့်ခဲ့၍ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ နံ့သာပန်း(၈)ရပ်ကွက်နေ မိခင်ဖြစ်သူမှ ဖေဖော်ဝါရီ ၁၈ရက်နေ့ ၆နာရီခန့်တွင် သမီးဖြစ်သူ မအိ(အမည်လွှဲ) နဝမတန်းကျောင်းသူအား ဈေးဝယ်ခိုင်းခဲ့ရာ ပြန်ရောက်မလာ၍ လိုက်လံရှာဖွေခဲ့ရာ မတွေ့ရှိဘဲ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် မိခင်ထံသို့ အမှတ် ၉ရပ်ကွက်နေသူမှ ဖုန်းဆက်၍ ၎င်း၏သမီးဖြစ်သူ မအိ(အမည်လွှဲ)မှာ အမှတ် ၉ရပ်ကွက်ရှိ အရိုး(ခ)ချစ်ရအောင်၏ နေအိမ်တွင်တွေရှိကြောင်း ပြောသဖြင့် လိုက်သွားခဲ့ရာ သမီးဖြစ်သူအား အရိုး(ခ)ချစ်ရအောင်နှင့်အတူ တွေ့ခဲ့ရကြောင်း ဆိုသည်။

မိခင်ဖြစ်သူမှ သမီးအားမေးမြန်းခဲ့ရာ ဖေဖော်ဝါရီ ၁၈ရက်နေ ည ၈နာရီခန့် က ၎င်း၏ရည်းစားဖြစ်သူ အရိုး(ခ)ချစ်ရအောင် နှင့်အတူ ရွှေပြည်သာတွင် ရုပ်ရှင်ကြည့်၍ အပြန်တွင် အရိုး(ခ)ချစ်ရအောင်မှ ၎င်းနှင်အတူလိုက်ရန်ပြောသဖြင့် လိုက်သွားခဲ့ပြီး အရိုး(ခ)ချစ်ရအောင်မှ သားမယားအဖြစ် (၅)ကြိမ်ခန့် ပြုကျင့်ခဲ့ကြောင်း ပြောပြခဲ့သဖြင့် မိဘအုပ်ထိန်းမှုအောက်ရှိ သမီးဖြစ်သူအား သွေးဆောင်ခေါ်ယူ သားမယားပြုကျင့်သူ အရိုး(ခ)ချစ်ရအောင်အား ဥပဒေအရအရေးယူပေးပါရန် မိခင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အရိုး(ခ)ချစ်ရအောင် (၁၉နှစ်)၊ ရတနာသိဂီပါတ်လမ်း၊ ပန်းခြံ(၁၁) အမှတ် ၉ရပ်ကွက် နေသူအား ရွှေပြည်သာမြို့မရဲစခန်းမှ (ပ)၇၉၄/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုတင့်(ရွှေပြည်သာ) Top Phoenix Media Group

႐ုပ္ရွင္သြားၾကည့္သည့္ ကိုးတန္းေက်ာင္းသူတစ္ဦး သားမယားအျဖစ္ (၅)ႀကိမ္ခန႔္ ျပဳက်င့္ခံရ

ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ အ႐ြယ္မေရာက္ေသးသည့္ မိန္းကေလးႏွင့္အတူ ႐ုပ္ရွင္ၾကည္၍အျပန္တြင္ သားမယားအျဖစ္ျပဳက်င့္ခဲ့၍ ေဖေဖာ္ဝါရီ ၂၀ရက္ေန႔တြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ နံ႔သာပန္း(၈)ရပ္ကြက္ေန မိခင္ျဖစ္သူမွ ေဖေဖာ္ဝါရီ ၁၈ရက္ေန႔ ၆နာရီခန႔္တြင္ သမီးျဖစ္သူ မအိ(အမည္လႊဲ) နဝမတန္းေက်ာင္းသူအား ေဈးဝယ္ခိုင္းခဲ့ရာ ျပန္ေရာက္မလာ၍ လိုက္လံရွာေဖြခဲ့ရာ မေတြ႕ရွိဘဲ ေဖေဖာ္ဝါရီ ၂၀ရက္ေန႔တြင္ မိခင္ထံသို႔ အမွတ္ ၉ရပ္ကြက္ေနသူမွ ဖုန္းဆက္၍ ၎၏သမီးျဖစ္သူ မအိ(အမည္လႊဲ)မွာ အမွတ္ ၉ရပ္ကြက္ရွိ အ႐ိုး(ခ)ခ်စ္ရေအာင္၏ ေနအိမ္တြင္ေတြရွိေၾကာင္း ေျပာသျဖင့္ လိုက္သြားခဲ့ရာ သမီးျဖစ္သူအား အ႐ိုး(ခ)ခ်စ္ရေအာင္ႏွင့္အတူ ေတြ႕ခဲ့ရေၾကာင္း ဆိုသည္။

မိခင္ျဖစ္သူမွ သမီးအားေမးျမန္းခဲ့ရာ ေဖေဖာ္ဝါရီ ၁၈ရက္ေန ည ၈နာရီခန႔္ က ၎၏ရည္းစားျဖစ္သူ အ႐ိုး(ခ)ခ်စ္ရေအာင္ ႏွင့္အတူ ေ႐ႊျပည္သာတြင္ ႐ုပ္ရွင္ၾကည့္၍ အျပန္တြင္ အ႐ိုး(ခ)ခ်စ္ရေအာင္မွ ၎ႏွင္အတူလိုက္ရန္ေျပာသျဖင့္ လိုက္သြားခဲ့ၿပီး အ႐ိုး(ခ)ခ်စ္ရေအာင္မွ သားမယားအျဖစ္ (၅)ႀကိမ္ခန႔္ ျပဳက်င့္ခဲ့ေၾကာင္း ေျပာျပခဲ့သျဖင့္ မိဘအုပ္ထိန္းမႈေအာက္ရွိ သမီးျဖစ္သူအား ေသြးေဆာင္ေခၚယူ သားမယားျပဳက်င့္သူ အ႐ိုး(ခ)ခ်စ္ရေအာင္အား ဥပေဒအရအေရးယူေပးပါရန္ မိခင္မွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ေၾကာင္း မႈခင္းမွတ္တမ္းမွ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ အ႐ိုး(ခ)ခ်စ္ရေအာင္ (၁၉ႏွစ္)၊ ရတနာသိဂီပါတ္လမ္း၊ ပန္းၿခံ(၁၁) အမွတ္ ၉ရပ္ကြက္ ေနသူအား ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းမွ (ပ)၇၉၄/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၆၃ ျဖင့္ အမႈဖြင့္ စစ္ေဆးလွ်က္ရွိေၾကာင္း သတင္းရရွိသည္။

ကိုတင့္(ေ႐ႊျပည္သာ) Top Phoenix Media Group